မန်ချက်စတာ ယူနိုက်တက်ဟာ ခံစစ်မှူးသစ် တစ်ဦးရဖို့ နီးစပ်နေပြီဖြစ်ကာ နိုက်အသင်းမှ တိုဒီဘိုကို ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။

နည်းပြတန်ဟက်ဟာ အနာဂတ် မသေချာတော့တဲ့ အင်္ဂလန်သား ခံစစ်မှူး မက်ဂွဲရား နေရာ အစားထိုးဖို့ ဒီနွေမှာ ခံစစ်မှူးသစ် တစ်ဦးရဖို့ အလိုရှိနေတာဖြစ်ပြီး စျေးကွက်ထဲမှာ လူငယ် ခံစစ်မှူး အချို့ကို ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။

မက်ဂွဲရားကို ဝက်စ်ဟမ်းထံ ပေါင် သန်း ၃၀ ဖြင့် လက်လွတ်ဖို့ စကားပြောခဲ့ပေမယ့် လုပ်ခပိုင်း လျော့ယူရမှာမို့ ကစားသမားက ယူနိုက်တက်ကနေ ပေါင် ၇ သန်း လိုချင်နေခဲ့တာပါ။ အဆိုပါကိစ္စ သဘောတူညီမှု မရခြင်းနဲ့အတူ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ပါတယ်။

ဒါပေမယ့်လို့ ယူနိုက်တက်ရဲ့ ခံစစ်မှူး ရှာဖွေမှုက ရပ်တန့်နေခြင်း မရှိဘဲ လက်စတာ ခံစစ်မှူးဟောင်း တိုဒီဘိုဖြင့် သဘောတူညီမှုရတော့မယ်လို့ L’Equipe က ဖော်ပြလာခဲ့တယ်။

အသက် ၂၃ နှစ်အရွယ် ပြင်သစ်သား ခံစစ်မှူးအတွက် ယူနိုက်တက်က ပေါင် ၃၄ သန်း ဝန်းကျင်ဖြင့် ခေါ်ယူသွားမှာဖြစ်ကာ ဒါဟာ မက်ဂွဲရားအတွက် ရမယ့် ပြောင်းရွှေ့ကြေး ဝန်းကျင်ပဲ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ မက်ဂွဲရားနေရာ ပါဗက်၊ တိုဒီဘိုနဲ့ တပ်ဆိုဘာတို့ ၃ ဦးထဲက တစ်ဦးကို ခေါ်ယူဖို့ ရည်မှန်းထားတာဖြစ်ပြီး ဒီစျေးကွက်မှာ ခံစစ်ပိုင်း အားဖြည့်မှု ဖြစ်မြောက်လာဖို့ ရှိနေတာဖြစ်ပါတယ်။