လက်ရှိ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲကတော့ ပွဲစဉ် ၃ ပွဲ ပြီးဆုံးခဲ့ပြီဖြစ်ကာ ပွဲစဉ် ၄ ပြီးရင်တော့ စက်တင်ဘာလ နိုင်ငံတကာ သီတင်းပတ် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

လက်ရှိ လိဂ်ပွဲ ၃ ပွဲ ကစားထားပြီးချိန်မှာ ပရီးမီးယားလိဂ်ရဲ့ တိုက်စစ် အကောင်းဆုံး အသင်းက ကြီး ၆ ကြီး တစ်သင်းမှ မပါဝင် ခဲ့ပါဘူး။ ထိပ်ဆုံးမှာ သွင်းဂိုး ၉ ဂိုးရထားတဲ့ ဘရိုက်တန်အသင်းဖြစ်ပြီး ဒုတိယနေရာမှာ အက်စတွန်ဗီလာအသင်း (၈ ဂိုး)၊ တတိယနေရာမှာ ဝက်စ်ဟမ်း (၇ ဂိုး) တို့ အစဉ်လိုက် ရပ်တည်နေပါတယ်။

သွင်းဂိုး အများဆုံး တိုက်စစ်သမားများ စာရင်းမှာ ဟာလန်း၊ အဝန်နီယီနဲ့ ဆိုလီမက်တို့က သွင်းဂိုး ၃ ဂိုးစီဖြင့် ထိပ်ဆုံးက ရှိနေပါတယ်။ သူတို့နောက်မှာ ဒီယက်ဇ်၊ ဒါဝင် နူးညက်ဇ်တို့ လို လီဗာပူး တိုက်စစ်သမားတွေ ရပ်တည်နေတာပါ။

ထူးခြားမှုက အာဆင်နယ်အသင်းမှ ဆာကာ၊ မာတင်နယ်လီ၊ ဂျေးဆုတို့ဟာ ရွှေဖိနပ်ဆုအတွက် ဘွန်ကီတွေကြားမှာ ရေပန်းစားကြခြင်း မရှိပါဘူး။

မနှစ်ကရာသီ ရွှေဖိနပ်ဆု အောင်မြင်ခဲ့တဲ့ ဟာလန်းက ရေပန်းအစားဆုံး ဖြစ်ပြီး ရွှေဖိနပ်ဆုရှင်ဟောင်းတွေဖြစ်တဲ့ ဆာလာ၊ ဆွန်တို့ကလည်း ဒီစာရင်းမှာ နေရာကောင်းက ရှိနေပါတယ်။ ဒါ့အပြင် ရက်ဖိုဒ့်၊ အိုင်ဆက်၊ နူးညက်ဇ် လို တိုက်စစ်သမားတွေကလည်း ရွှေဖိနပ်အောင်မြင်နိုင်သူတွေ ဖြစ်ကြပါတယ်။

၂၀၂၃-၂၀၂၄ ရာသီ ရွှေဖိနပ်ဆု ရေပန်းစားမှုများ

  • Erling Haaland — 2/5
  • Mohamed Salah — 8/1
  • Marcus Rashford — 25/1
  • Son Heung-min — 25/1
  • Alexander Isak — 25/1
  • Darwin Nunez — 33/1
  • Rasmus Hojlund — 33/1

အမှတ်ပေးလိဂ်ဟာ ရေရှည်သွားရတဲ့ ပြိုင်ပွဲဖြစ်တာကြောင့် မကြာခင်မှာ ဒီနေရာတွေဟာ အပြောင်းအလဲ ရှိလာ ပါလိမ့်မယ်။ ဘွန်ကီတွေကတော့ ဒီရာသီ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ကြီး ၆ ကြီး ကလပ်တွေမှ တိုက်စစ်သမားတွေ ကပဲ အနိုင်ရသွားမယ်လို့ သုံးသပ်ထားကြတယ်။