မန်စီးတီးဟာ ဝုဗ် ကွင်းလယ်လူ နူးနက်စ်အတွက် ဒုတိယမြောက် ကမ်းလှမ်းမှု ပေးမှာဖြစ်ကာ ပေါင် ၄၇ သန်းထက် ပိုများမှာ ဖြစ်ပါတယ်။ နူးနက်စ်ကလည်း မန်စီးတီးထံ ပြောင်းရွှေ့ခွင့် ရဖို့ အသင်းနဲ့ လေ့ကျင့်ခန်း မဆင်းဘဲ ဖိအားပေးနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ကွင်းလယ်နေရာ အတွက် ဖီအိုရင်တီးနားမှ အမရာဘတ်ထက် စပါးမှ ဟော့ဂျက်ကို ပိုမို စိတ်ဝင်စားနေပြီ ဖြစ်ပါတယ်။

အမရာဘတ်ရဲ့ အေးဂျင့်တွေကတော့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ယူပြီးမှ အခုထိ ကမ်းလှမ်းမလာတဲ့ ယူနိုက်တက်ကို စိတ်ပျက်နောကပါတယ်။

အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ချယ်ဆီးအသင်းဟာ ကစားသမားသစ် ခေါ်ယူနိုင်တာမျိုး ဖြစ်လာနိုင်တယ်လို့ နည်းပြ ပိုချက်တီနိုက ထုတ်ပြောလာပါတယ်။

စပါးအသင်းဟာ ဈေးကွက် မပိတ်ခင်မှာ ဖောရက်စ် တိုက်စစ်သမား ဘရီနာ ဂျွန်ဆင်၊ ဘာစီလိုနာ တိုက်စစ်သမား ဖာတီနဲ့ ပီအက်စ်ဗီ တိုက်စစ်သမား ဘာကာယိုကိုတို့ထဲက တစ်ဦးကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

လီဗာပူးအသင်းဟာ ဈေးကွက် နောက်ဆုံးရက်မှာ ကွင်းလယ်လူ ဂရာဗင်ဘက်ချ်ကို ခေါ်ယူဖို့ ကြိုးစားနိုင်သလို ခံစစ်မှူး နက်ဖီးလစ်ကို ရောင်းချတာလည်း ဖြစ်လာနိုင်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ညာအစွန်လူ ပါဗက်ကို အင်တာမီလန်ထံ ယူရို ၃၃ သန်းဖြင့် ရောင်းထုတ်ကာ ချယ်ဆီးခံစစ်သမား ချာဘိုဘတ်ကို ပြန်လည် ခေါ်ယူနိုင်ဖို့ ညိနှိုင်းနေပါတယ်။

ဝက်စ်ဟမ်းနဲ့ ဆော်ဒီဘက်က ခံစစ်မှူး ဂိုးမက်စ်ကို ခေါ်ယူလိုနေပေမယ့် လီဗာပူးအသင်းက အစားထိုးဖို့ အချိန်မရှိတော့တာကြောင့် ငြင်းဆန်မှာ ဖြစ်ပါတယ်။

ဖောရက်စ်ဟာ ချယ်ဆီး တိုက်စစ်သမား အိုဒွိုင်းအတွက် ချိတ်ဆက်နေပေမယ့် ငွေပေးချေမှုအပိုင်း သဘောတူညီမှု မရသေးပါဘူး။

ဖရန့်ဖတ်အသင်းဟာ တိုက်စစ်သမား ကိုလို မူအာနီအတွက် ပီအက်စ်ဂျီဘက်က ကမ်းလှမ်းတဲ့ ယူရို သန်း ၈၀ ကို ပယ်ချလိုက်ပါတယ်။ ၎င်းတို့ကတော့ ပရီးမီးယားလိဂ်ဘက်က စိတ်ဝင်စားနေတဲ့ တိုက်စစ်သမားအတွက် ပိုများတဲ့ ပမာဏ ရချင်နေပါတယ်။