သရဲနီဟောင်းကြီး ရီယို ဖာဒီနန်က ပြီးခဲ့တဲ့ရာသီ အာဆင်နယ် နောက်ခံလူ ဂါဘရီရယ် မက်ဂါဟေးစ်ကို ဝေဖန်မှုတွေ ပြုလုပ်ပြီးနောက် ကစားသမားက သူ့ကို တိုက်ရိုက် မက်ဆေ့ပို့ ဆက်သွယ် လာခဲ့ကြောင်းကို ဖော်ထုတ်လာပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက ဂါဘရီရယ်ရဲ့ သွေးဆူလွယ်မှု၊ စိတ်မြန်လက်မြန် လုပ်ချက်၊ ဆုံးဖြတ်ချက်တွေ အပေါ် ဖာဒီနန်က မကြာခဏ ဝေဖန်ဖူးပြီး ဂါဘရီရယ်ရဲ့ အပြုအမူတချို့က အာဆင်နယ် အသင်း အမှတ်တချို့ လျော့သွားသည်ထိ ထိခိုက်ခဲ့ဖူးပါတယ်။

ဒီရာသီမှာတော့ အာတီတာကလည်း ဖာဒီနန် ပြောခဲ့သလို သံသယတွေ ဝင်လာဟန် ရှိပြီး ဂါဘရီရယ်အား လိဂ်ပွဲ အဖွင့်ပွဲ ၃ ပွဲ ဆက်တိုက် ပွဲထွက်ကနေ ချန်လှပ်ထားခဲ့ပါတယ်။ ဘရာဇီးသား နေရာမရတော့ခြင်းနဲ့ ပတ်သက်လို့ ဖာဒီနန်ကတော့

” ဂါဘရီရယ် လုပ်တာတွေ မှားနေတယ် ဆိုတာ ပြီးခဲ့တဲ့ နှစ်တည်းက ကျနော် ပြောပါတယ်။ ဒါပေမယ့် သူ မကြိုက်ကြောင်း ကျနော့်ဆီ သူ တိုက်ရိုက် မက်ဆေ့ချ် လာပို့တယ်။ မက်ဆေ့ချ်ထဲမှာ ကျနော့် အတွက် နည်းနည်း ပြောရခက်တာတွေ ပါတယ်။

ဒီနေ့ခေတ် ကစားသမားတွေက ဝေဖန်မှုတွေ ကို မခံနိုင်ကြဘူး။ အကုန်လုံးတော့ မဟုတ်ဘူးပေါ့။ ဂါဘရီရယ် ကျနော့်ဆီ တိုက်ရိုက် ဆက်သွယ်လာတယ်။ ကျနော် သူ့ကို လေးစားမှု ထားပါတယ်။ ဘာတွေ ဖြစ်လာနိုင်လဲ သူ သိပုံမရဘူး ထင်တယ်။ ” လို့ ဖာဒီနန်က ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ် နည်းပြ အာတီတာဟာ ဂါဘရီရယ်ကို ပွဲထွက်မှာ ပြန်ထည့်ဖို့ စဉ်းစားနေဟန်ရှိပေမယ့် ကစားသမားရဲ့ သွေးဆူလွယ်မှုဟာ အသင်းရလဒ် ထိခိုက်မှာကို စိတ်ပူနေဆဲ ဖြစ်ပါတယ်။