၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲ ပြန်လည် စတင်လာဖို့ နီးစပ်နေပြီဖြစ်ကာ အုပ်စုအဆင့် မဲခွဲမှုကို ဒီနေ့ညနေမှာ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။
မနှစ်ကရာသီ ဖလား ၃ လုံး ချန်ပီယံ မန်စီးတီးဟာ လက်ရှိ ချန်ပီယံဖြစ်ပြီး ချန်ပီယံဆုကို ကာကွယ်သွားမှာပါ။ မနှစ်က စီးရီးအေ ကလပ် အင်တာမီလန်ဟာ ပြိုင်ဘက်ဖြစ်ခဲ့ကာ ဖိုင်နယ်မှာ ၁-၀ ဖြင့် မန်စီးတီးကို အရေးနိမ့်ခဲ့ပါတယ်။
ချန်ပီယံလိဂ် မဲအိုးတွေကတော့ အတည်ပြု ထွက်ပေါ်လာပြီ ဖြစ်ရာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
Pot 1: Barcelona, Manchester City, Bayern Munich, Paris Saint-Germain, Sevilla, Napoli, Benfica, Feyenoord.
Pot 2: Real Madrid, Atletico Madrid, Arsenal, Manchester United, Inter Milan, Borussia Dortmund, RB Leipzig, Porto.
Pot 3: Milan, Lazio, PSV, Red Bull Salzburg, Shakhtar Donetsk, Braga, Crvena Zvezda, Copenhagen.
Pot 4: Real Sociedad, Newcastle United, Lens, Galatasaray, Union Berlin, Celtic, Young Boys, Antwerp.
အုပ်စုအဆင့်မှာ မဲအိုး Pot တစ်ခုစီက တစ်သင်းစီနဲ့ လေးသင်း တစ်အုပ်စု ဖွဲ့မှာ ဖြစ်ပါတယ်။ ဒီအဆင့်မှာ နိုင်ငံတူ အသင်းတွေ မတွေ့သေးပါဘူး။
ဒါကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ မဲအိုး ၁ ထဲမှာ ဘာစီလိုနာ၊ ဘိုင်ယန်၊ ပီအက်စ်ဂျီလို အသင်းကြီးတွေနဲ့ တွေ့နိုင်သေးပြီး မန်စီးတီးဟာလည်း မဲအိုး ၂ ထဲမှာ ရှိနေတဲ့ ရီးရဲလ်၊ အက်သလက်တီကို၊ အင်တာ၊ ဒေါ့မွန် စတဲ့ မာကျောတဲ့ အသင်းကြီးတွေနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါသေးတယ်။
အုပ်စုအဆင့် ပွဲစဉ်တွေဟာ နောက်လ စက်တင်ဘာလ ၁၉ ရက်နေ့မှာ စတင် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။