ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် မန်ယူနဲ့ စပါး တိုက်စစ်မှုးဟောင်းကြီး ဘာဘာတော့ဗ် က ပွဲကြို သုံးသပ် ခန့်မှန်းချက်တွေ ထုတ်လာပြီ ဖြစ်ပါတယ်။
ချယ်ဆီး V ဖောရက်စ်
မန်ချက်စတာ ယူနိုက်တက်ကို ရင်ဆိုင်တုန်းက ဖောရက်စ်တို့ ကံမကောင်းခဲ့ပါဘူး။ ဒါပေမယ့် ၂ ဂိုးလောက် ပြတ်နေရင် ပွဲကို ဘယ်လို ထိန်းရမယ်ဆိုတာကို သိဖို့ လိုပါတယ်။
မနှစ်ကရာသီ အခြေအနေ ဆိုးခဲ့တာတွေအရ ဒီရာသီမှာ ဘယ်သူကမှ ချယ်ဆီးနဲ့ ပတ်သက်ပြီး အများကြီး မမျှော်လင့်ထားလို့ သူတို့က လူတိုင်း အံ့အားသင့်အောင် လုပ်နိုင်ပါတယ်။ ဒီတော့ ဒီပွဲ ချယ်ဆီးတို့ အနိုင်ရမယ့်ဘက်မှာ ကျနော် ရှိနေပါမယ်။
ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ ချယ်ဆီး ၂-၀ ဖောရက်စ်
မန်စီးတီး V ဖူလ်ဟမ်
ဖူလ်ဟမ်က လူတိုင်းကို အံ့အားသင့်အောင် လုပ်နိုင်ပါတယ်။ အာဆင်နယ်ကို ရင်ဆိုင်တုန်းကလည်း ဒါကို သူတို့ ပြသခဲ့ပါတယ်။ စီးတီး ဘာလုပ်နိုင်တယ်ဆိုတာ ကျနော်တို့ အားလုံး သိကြတာမို့ ဒီပွဲဟာ ဖူလ်ဟမ်အတွက် ခက်ခဲတဲ့ ပွဲစဉ် ဖြစ်လာပါလိမ့်မယ်။
ကျနော်ကတော့ ဒီပွဲမှာ စီးတီးတို့ အနိုင်ရမယ်လို့ ထင်ပါတယ်။ သူတို့မှာ အရည်အချင်းတွေရှိပြီး နေရာလွတ်တွေကို ဖွင့်ဖို့ရာ စိတ်ရှည်မှု ရှိပါတယ်။ ဖူလ်ဟမ်တို့ ကစားပုံ ကောင်းမယ်ဆိုရင် ခက်ခဲတဲ့ပွဲ ဖြစ်လာနိုင်ပေမယ့် မဟုတ်ရင်တော့ ဂိုးတွေ သိပ်များသွားနိုင်ပါတယ်။
ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ မန်စီးတီး ၃-၁ ဖူလ်ဟမ်
လီဗာပူး V အက်စတွန်ဗီလာ
နယူးကာဆယ်ကို ၁၀ ယောက်တည်းနဲ့ အနိုင်ရခဲ့တာမို့ လီဗာပူးတို့ အရမ်းကို ပျော်ရွှင်နေမှာ ဖြစ်ပါတယ်။ နူးညက်စ်ရဲ့ သွင်းဂိုးတွေက လီဗာပူးရဲ့ ကံကြမ္မာကို ပြောင်းလဲစေခဲ့ပါတယ်။ သွင်းဂိုး ၂ ဂိုးက ကျန်ခဲ့ပါပြီ သူထပ်ပြီး ဂိုးသွင်းနိုင်ဖို့ အာရုံ စိုက်ရမှာပါ။ ဒီပွဲကို လီဗာပူးအသင်း အနိုင်ရမယ် ထင်ပါတယ်။
ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ လီဗာပူး ၂-၁ အက်စတွန်ဗီလာ
အာဆင်နယ် V မန်ယူနိုက်တက်
သွင်းဂိုးတွေ မြင်ရပြီး ဖျော်ဖြေမှု ပေးနိုင်တဲ့ပွဲ ဖြစ်လာမယ် မြင်မိပါတယ်။ ဒါပေမယ့် ရမှတ်က အရေးကြီး ဆုံးဖြစ်လာမှာပါ။ ဟာဗက် ကစားတာကို ကျနော် သဘောကျတယ် သူက ကစားသမားကောင်းတစ်ယောက်ပါ။ သူ ပွဲထွက်လူစာရင်းက ပါဝင်လာပြီး အကောင်းဆုံး ပေးချက်တွေ လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။
ယူနိုက်တက်တို့ ဒီပွဲနိုင်မှာကို မြင်လိုပေမယ့် အလှည့်အပြောင်းများတဲ့ ပွဲစဉ် ဖြစ်လာမှာပါ။ ယူနိုက်တက်ရဲ့ အဝေးကွင်း ရလဒ်တွေအရ အမ်းမရိတ်မှာ သရေတစ်မှတ်ရတာက မဆိုးလှပါဘူး။
ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် ၂-၂ မန်ယူနိုက်တက်
အခြားပွဲစဉ်တွေအတွက် ဘာဘာတော့ဗ် ခန့်မှန်းချက်များ
Luton 1-1 West Ham
Sheffield United 2-1 Everton
Brentford 1-1 Bournemouth
Burnley 1-1 Tottenham
Brighton 3-2 Newcastle
Crystal Palace 1-0 Wolves