အာဆင်နယ် နည်းပြ အာတီတာကတော့ ကစားကွက်ကို တသတ်မတ်တည်း တစ်လမ်းတည်း ကစားဖို့ထက် အပြောင်းအလဲ လုပ်ရတာ သဘောကျကြောင်း ဆိုလာပါတယ်။

အာဆင်နယ်ဟာ မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်းပွဲမှာ ကစားကွက် ၄၃ ကွက်ထိ ပြောင်းခဲ့သလို ပြီးခဲ့တဲ့ အပတ် ဖူလ်ဟမ်နဲ့ ပွဲမှာလည်း ၃၆ ကွက်ထိ အပြောင်းအလဲ လုပ်ခဲ့ကြောင်း အာတီတာက ဖွင့်ဟခဲ့ပါတယ်။

ဂန်းနားတို့နဲ့ အတူ ၇ နှစ်တာ အတူ ရှိခဲ့တဲ့ ဝါရင့် နောက်ခံလူ ရော့ဘ် ဟိုးဒင်းဟာ ခရစ္စတယ်ပဲလေ့စ် အသင်းထံ ပေါင် ၄ သန်းနဲ့ အပြီး ပြောင်းရွှေ့ သွားပြီ ဖြစ်ပါတယ်။

ဘာလိုဂန် မိုနာကို အသင်းထံ ပြောင်းရွှေ့ သွားတဲ့ အပေါ် အာဆင်နယ် နည်းပြ အာတီတာက အသင်းမှာ ဘာလိုဂန် အတွက် နေရာပေးစရာ မရှိလို့သာ လက်လွှတ်လိုက်တာ ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ဒီအပတ် အမ်းမရိတ်မှာ ကန်မယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲကို ဒိုင်လူကြီး အန်တိုနီ တေလာ ကိုင်တွယ်မှာ ဖြစ်တယ်လို့ အတည်ပြုချက် ထွက်ထားပြီ ဖြစ်ပါတယ်။

အသက် ၄၄ နှစ် အရွယ် ဒိုင်လူကြီးဟာ အာဆင်နယ် ပါဝင်တဲ့ ပရီးမီးယားလိဂ် ပွဲ ၄၁ ပွဲ ကိုင်တွယ်ဖူးပြီး ထိုထဲမှ အာဆင်နယ်က ၂၂ ပွဲနိုင်၊ ၁၁ ပွဲ သရေနဲ့ ၈ ပွဲ ရှုံးထူးဖူးပါတယ်။

အာဆင်နယ် ဒါရိုက်တာ အီဒူးကတော့ ဂန်းနားတို့ရဲ့ ချန်ပီယံလိဂ် အုပ်စု မဲခွဲရလဒ် အပေါ် သဘောကျနေပါတယ်။ အာဆင်နယ်က ဆီဗီလာ၊ PSV၊ လန်းစ် အသင်းတို့နဲ့ တစ်အုပ်စုထဲ ကျရောက်နေတာပါ။

အာဆင်နယ်ရဲ့ အုပ်စုတွင်း ပြိုင်ဘက်တွေဟာ ရှေးရိုးဆန်ပြီး တောင့်တင်းတဲ့ အသင်းတွေ ဖြစ်တယ်လို့ အီဒူးက မှတ်ချက်ပြုလိုက်ပြီး ဒီပြိုင်ပွဲ အတွင်းမှာ ဘယ်အသင်းတွေနဲ့ပဲ ရင်ဆိုင်ချင်ပါတယ် လို့ ရွေးချယ်လို့ မရကြောင်းလည်း ၎င်းက ဆိုပါတယ်။

အာဆင်နယ် အသင်းရဲ့ အသက် ၂၁ နှစ် အရွယ် လူငယ် ဂိုးသမားလေး Arthur Okonkwo ဟာ လိဂ်တူးကလပ် Wrexham အသင်းထံ တစ်ရာသီ အငှား ကစားရန် ပြောင်းရွှေ့သွားပါတယ်။