ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက ချယ်ဆီးအသင်း ပြောင်းရွှေ့ကြေး ပေါင် ၈၈.၅ သန်း ထိ သုံးကာ ခေါ်ယူထားရတဲ့ တိုက်စစ်သမား မူဒရစ်ကတော့ အခုထိ မဟန်သေးပါဘူး။

ယူကရိန်း တိုက်စစ်သမားဟာ ချယ်ဆီး အသင်းအတွက် ပွဲပေါင်း ၂၀ ကစားထားပေမယ့် ဂိုးထောက်ပံ့မှု ၂ ကြိမ် လုပ်ထားနိုင်ပြီး သွင်းဂိုး လုံးဝ မရထားသူ ဖြစ်ပါတယ်။

ချယ်ဆီး ပရိသတ် တစ်ဦး ဖြစ်တဲ့ Talksport သတင်းဌာနမှ သုံးသပ်သူ အန်ဒီဂျက်ကော့ က တော့ မူဒရစ် ဘယ်လိုမှ ခြေစွမ်းကောင်းမလာနိုင်ဘူး ယူဆနေပြီး သူ့ အစီအစဉ်ကနေ အခုလို စိန်ခေါ်လာပါတယ်။

” မူဒရစ် ကစားသမားကောင်း တစ်ယောက် ဖြစ်လာမယ် ဆိုရင် လန်ဒန်တံတားကြီးကို ဖြတ်ပြီး ကိုယ်လုံးတီးနဲ့ကို ငါ လမ်း ပတ်လျှောက်ပြလိုက်ဦးမယ် ” လို့ ဂျက်ကော့က ပြောဆိုလိုက်ပါတယ်။

ဂျက်ကော့ဟာ ချယ်ဆီး အမာခံ ပရိသတ်ဖြစ်ပြီး တော့ဘိုလေ လက်ထပ် လွဲမှားတဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေကို အမြဲတစေ ဝေဖန်နေခဲ့သူ ဖြစ်ပါတယ်။

သူကပဲ မူဒရစ်နဲ့ ပတ်သက်လို့ ” ကျနော်ကတော့ သူ့ ချယ်ဆီးနဲ့ စာချုပ်ကို စုတ်ဖြဲပြီး မင်း တခြား ရိုးရိုး အလုပ်သာ သွားလုပ်စမ်းကွာ လို့ ပြောပစ်လိုက်ချင်တာ။ ဒီလို သာမန် ပုံစံမျိုးနဲ့ ဘောလုံး ကန်စားနေတဲ့ သူ့လို လူမျိုး ကျနော် ဖြင့် တခါမှကို မတွေ့ဖူးပါဘူး ” လို့ ဆက်လက် ဝေဖန်ခဲ့ပါတယ်။

ယူကရိန်း တိုက်စစ်သမားဟာ ဇန်နဝါရီတုန်းက ချယ်ဆီးထံ ပြောင်းရွှေ့ကြေး ပေါင် ၈၈.၅ သန်းဖြင့် ရောက်ရှိလာခဲ့တာပါ။ သူဟာ အသင်းအတွက် ပွဲပေါင်း ၂၀ ကစားထားပေမယ့် ဂိုးထောက်ပံ့မှု ၂ ကြိမ် လုပ်ထားနိုင်ပြီး သွင်းဂိုး လုံးဝ မရထားသူ ဖြစ်ပါတယ်။

အခုချိန်ထိ မူဒရစ်ထံက အလားအလာကောင်းတွေ မြင်ရခြင်း မရှိသလို သူဟာ ပရီးမီးယားလိဂ်မှာ အောင်မြင်တဲ့ ကစားသမား တကယ်ပဲ ဖြစ်လာပါ့မလား များစွာ သံသယဝင်ခံနေရတာ ဖြစ်ပါတယ်။