၂၀၂၃ ဘလွန်းဒီအောကို ဘယ်သူ အနိုင်ရသင့်သလဲ မေးခံရချိန်မှာ ပြင်သစ် တိုက်စစ်သမား ဂရစ်စမန်းက ရွှတ်နောက်နောက် ဖြေဆိုမှု ပြုလုပ်သွားပါတယ်။
ဘလွန်းဒီအော ဆန်ကာတင် ၃၀ စာရင်း ထုတ်ပြန်ထားရာမှာ အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူးဟာလည်း အပါအဝင် ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားမှာ ပြင်သစ်နဲ့အတူ ဖိုင်နယ်ထိ ရောက်ခဲ့သလို သူဟာ လာလီဂါမှာလည်း ကိုယ်တိုင် ၁၅ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၁၆ ကြိမ် လုပ်နိုင်ခဲ့ပါတယ်။
ဒီနှစ် ဘယ်သူ ဘလွန်းဒီအောဆု ရသင့်သလဲလို့ မေးခံရချိန်မှာ ဂရစ်စမန်းက ” ကျနော် ရသင့်တယ်လေ။ ကျနော်လည်း ဆန်ကာတင် စာရင်းထဲ ပါနေတာပဲ ” လို့ တုန့်ပြန်ပါတယ်။
ဒီတစ်ကြိမ် ဘလွန်းဒီအောဆုကိုတော့ မက်ဆီနဲ့ ဟာလန်းတို့ အပြိုင်ဖြစ်နေတာပါ။ ဟာလန်းဟာ မန်စီးတီးနဲ့ ဖလား ၃ လုံး အောင်မြင်ထားပေမယ့် မက်ဆီက ကလပ်နဲ့ ဖလား ၂ လုံး လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလားတို့ကို အောင်မြင်ထားတာ ဖြစ်ပါတယ်။
ဂရစ်စမန်းကပဲ ” ကျနော် မဟုတ်ရင်တော့ မက်ဆီ ဒါမှမဟုတ် အမ်ဘတ်ပီပေါ့။ ဟာလန်းကလည်း ဘောလုံးရာသီကောင်း ပိုင်ဆိုင်ခဲ့ပေမယ့် ဒါက ကမ္ဘာ့ဖလားနှစ်လေ။ သိတယ် မဟုတ်လား?” လို့ ဆက်ပြောသွားခဲ့ပါတယ်။