စပါး တိုက်စစ်သမားဟောင်း မော်ရာက အာဆင်နယ် ခံစစ်မှူး ဂါဘရီရယ် ဘရာဇီး လက်ရွေးစင်အသင်း အတွက် ပွဲဦးထွက်နိုင်ခြင်းအပေါ် ဂုဏ်ယူပါကြောင်း အားပေးစကား ဆိုခဲ့ပါတယ်။

အာဆင်နယ် လူငယ်ကြယ်ပွင့် မာဆယ်လို ဖလော်ရက်စ်ဟာ ကလပ်ကနေ ထွက်ပြီး မက်ဆီကိုအသင်းထံ အလွတ်ဖြင့် ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

လာမယ့် ဆောင်းရာသီဈေးကွက်မှာ အာဆင်နယ်အသင်းဟာ ဂျူဗင်တပ် တိုက်စစ်မှူး ဗလာဟိုဗစ်ကို လျော့ဈေးဖြင့် ပြန်ပြီး ချိတ်ဆက်နိုင်ကြောင်း သတင်းထွက်နေပါတယ်။

ဂျူဗင်တပ်ဟာ လူစာရင်း လျော့ချမှု ပြုလုပ်ရာမှာ ဆားဘီးယားသားကို ရှင်းထုတ်လိုနေပြီး လာမယ့် ဈေးကွက်တွေမှာ ကမ်းလှမ်းလာမှု ရှိမယ်ဆိုရင် လက်ခံစဉ်းစားဖွယ် ရှိနေပါတယ်။

စူပါကွန်ပျူတာကတော့ ဒီရာသီ မန်စီးတီးနဲ့အပြိုင် ပရီးမီးယားလိဂ် စိန်ခေါ်မယ့် အသင်းက အာဆင်နယ် မဟုတ်ဘဲ လီဗာပူးပဲ ဖြစ်တယ်လို့ တွက်ချက်သွားပါတယ်။

အာဆင်နယ်ဟာ ကလပ် ဘရုဂျ် တိုက်စစ်သမား နူဆာကို ခေါ်ယူနိုင်ဖွယ် ရှိပါတယ်။ နော်ဝေ လူငယ်ကြယ်ပွင့်ကို ခေါ်ယူရေးမှာ ချယ်ဆီးနဲ့ အဓိက ယှဉ်ပြိုင်နေရပါတယ်။

ဂိုးသမား လီနိုကို ဖူလ်ဟမ်အသင်းထံ လက်လွတ်လိုက်တာဟာ ဒီနှစ်တွေအတွင်း အာဆင်နယ် လုပ်ခဲ့တဲ့ အဆိုးရွားဆုံး အပြောင်းအရွှေ့ပဲလို့ အာဆင်နယ် သတင်းထောက် Charles Watts က မှတ်ချက်ပေးလိုက်ပါတယ်။