ဒီရာသီ ပရီးမီးယားလိဂ်မှာ ၇ ပွဲ ကစား ၄ပွဲ ရှုံးထားသလို ချန်ပီယံလိဂ်မှာလည်း ၂ပွဲ ကစား ၇ဂိုးပေး၊ တစ်မှတ်မှ မရသေးအောင် ဆိုးဝါးလွန်းတဲ့ တာထွက် ပိုင်ဆိုင်ထားရတဲ့နောက် မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ဟာ ဖိအားတွေ တစတစ တိုးပွားလို့ လာနေပါတယ်။
အင်္ဂလန် The Times သတင်းဌာနကတော့ အဲရစ်တန်ဟက်ဟာ အိုးထရက်ဖို့ဒ်မှာ ကစားသမားတွေကို စိတ်အား တက်ကြွအောင် လှုံ့ဆော် မပေးနိုင်ဘူး ဖြစ်နေတယ်လို့ ဖော်ထုတ်လာပါတယ်။
ယူနိုက်တက် ကြယ်ပွင့် ကစားသမားတွေဟာ သူတို့ က ကစားသမားတွေကို လူသိရှင်ကြား ပြစ်တင် ဝေဖန်တတ်တဲ့ ဒီနည်းပြနဲ့ အတူ သွားနေရတာ ဦးတည်ရာ လမ်းကြောင်းမှားနေပြီ လို့ ယူဆနေကြတယ် လို့ သိရပါတယ်။
လာမယ့် သီတင်းပတ်တွေ အတွင်းမှာ ယူနိုက်တက် ပြန်ရုန်းမထနိုင်ဘူး ဆိုရင် ဒီတရာသီလုံး ပြိုဆင်း ကျရှုံးသွားနိုင်တယ် လို့လည်း အသင်း တာဝန်ရှိသူတွေက ခံစားနေရပြီ ဖြစ်ကြောင်း The Times သတင်းက ဆိုထားပါတယ်။
ကြားရက်က ချန်ပီယံလိဂ် အိမ်ကွင်းပွဲ အရေးနိမ့်ပြီးတဲ့နောက် တန်ဟက်ဟာ SkyBet က ဘွန်ကီဒိုင်တွေရဲ့ ကြေးဖွင့်မှုထဲမှာ မကြာခင် ထုတ်ပယ်ခံရတော့မယ့် နည်းပြ စာရင်းမှာလည်း နံပါတ် ၂ နေရာ ရောက်လာပြီ ဖြစ်ပါတယ်။