ဘီဘီစီသတင်းဌာနမှ ပင်တိုင် သုံးသပ်သူကြီး ခရစ်ဆက်တန်ကတော့ ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် အောက်ပါအတိုင်း သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

ဘန်လေ v ချယ်ဆီး

နှစ်သင်းလုံးကတော့ ဒီတပတ်မှာ ရလဒ်ကောင်းတွေ ယူပြီး အသင်းကို ပြန်တည်ဖို့ စောင့်မျှော်နေကြတာပါ။ ဒါပေမယ့် သူတို့ဆီက ဘာမျှော်လင့်ရမလဲတောင် မှန်းရခက်နေပါတယ်။

ဂိုးတွေ သွင်းဖို့က ချယ်ဆီးအသင်းရဲ့ ဒီတလော အကြီးမားဆုံး ပြသနာပါ။ ဗင်းဆင့် ကွန်ပနီရဲ့ အသင်းဟာ ဒီပွဲကနေ တစ်မှတ် ရရင်တောင် သူတို့ လမ်းကြောင်းမှန်ပေါ် သွားနေတယ် ဆိုရမှာပါ။ သရေပွဲပဲ ဖြစ်မယ် ထင်ပါတယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ ဘန်လေ 1-1 ချယ်ဆီး

မန်ချက်စတာယူနိုက်တက် v ဘရန့်ဖို့ဒ်

မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ အတွက် ဒီကာလထဲမှာ စိတ်သက်သာရာ ရစရာကတော့ ဟွိုင်လန်း တိုက်စစ်မှာ ကစားနေတာပဲ။ ဒါပေမယ့် ကျွန်တော်တော့ သူတို့ ဂိုးသမားသစ် အင်ဒရီ အိုနာနာ ကို အားမရပါဘူး။

ဘရန့်ဖို့ဒ်က ဒီတလော ခြေစွမ်းကောင်း မပြနိုင်ဘူး ဖြစ်နေတယ်။ ဒါပေမယ့် ပြိုင်ဘက်အတွက် စုဖွဲ့မှုကောင်းပြီး ချေမှုန်းရခက်တဲ့ အသင်း ဖြစ်နေဦးမှာပါပဲ။ သူတို့က ယူနိုက်တက်ကို ကောင်တာကနေ ပြန်လည်း တိုက်ပါလိမ့်မယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ မန်ယူနိုက်တက် 2-1 ဘရန့်ဖိုဒ့်

ဘရိုက်တန် v လီဗာပူး

အရင်အပတ်က ဘရိုက်တန်တို့ ၆ ဂိုးပေးလိုက်ရတယ် လီဗာပူးက တောင်ပံ နေရာတွေကနေ သူတို့ကို ဖြိုခွင်းနိုင်မယ် ထင်ပါတယ်။

ကြားရက်မှာ မာဆေးနဲ့ ကစားထားတဲ့ ဘရိုက်တန်အသင်းက ဒီပွဲကို အိမ်ကွင်းမှာ စောင့်နေမှာပါ။ အရင်လကတော့ ယူရိုပါလိဂ်ပွဲ ကစားပြီး ဘုန်းမောက်ကို အနိုင်ရခဲ့ပေမယ့် ဒီတစ်ကြိမ်က ဘရိုက်တန်အတွက် ပိုခက်ခဲမှာပါ။ မနှစ်ကတော့ သူတို့ အိမ်ကွင်းမှာ လီဗာပူးကို ရင်ဆိုင်ပြီး ရလဒ်ကောင်းထားပါတယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ ဘရိုက်တန် 2-3 လီဗာပူး

အာဆင်နယ် v မန်စီးတီး

မာတင်နယ်လီနဲ့ ဆာကာတို့ မပါနိုင်ပေမယ့်လို့ အာဆင်နယ်က အန္တရာယ် ကြီးနေဆဲ အသင်းဖြစ်ပါတယ်။ စီးတီးလူစာရင်းကလည်း ထိခိုက်မှု ရှိထားပါတယ်။

စီးတီးတို့ ကစားပုံ ကောင်းမနေရင်တောင်မှ သူတို့က မာကျောပြီး အာဆင်နယ်ကို အငိုက်မှာ မိမိရရ ထိုးနှက်နိုင်ဦးမယ်လို့ ထင်ပါတယ်။ အရင်အပတ်က သူတို့ နှစ်ပွဲဆက် ရှုံးနိမ့်ထားပေမယ့် ဒီရာသီ မန်စီးတီးတို့ ပွဲတွေအများကြီး အရေးနိမ့်မှာ မဟုတ်ပါဘူး။

ဆက်တန် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် 1-2 မန်စီးတီး

အခြားပွဲစဉ်များ အတွက် ဆက်တန် ခန့်မှန်းရလဒ်များ

  • Luton 1-3 Tottenham
  • Everton 1-0 Bournemouth
  • Fulham 1-0 Sheff Utd
  • Crystal Palace 1-1 Nottingham Forest
  • West Ham 1-2 Newcastle
  • Wolves 0-2 Aston Villa