ချယ်ဆီး၊ အာဆင်နယ်နဲ့ နယူးကာဆယ်တို့ဟာ ဒေါ့မွန်အသင်းမှ အင်္ဂလန်ကြယ်ပွင့် ဂစ်တန်ကို အပြိုင် စိတ်ဝင်စားနေကြပါတယ်။

ခံစစ်မှူးသစ် အင်အားဖြည့်တင်းဖို့ လိုအပ်နေတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ပဲလေစ့် ခံစစ်သမား ဂူဟီကို သဘောကျပေမယ့် ဇန်နဝါရီမှာ ခေါ်ယူနိုင်ရေးထက် နောက်နှစ် နွေမှပဲ ဖြစ်နိုင်ချေ ပိုများပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းဟာ ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်း ခေါ်ယူလိုနေတဲ့ ဗယ်ဗာဒီနဲ့ ကာမာဗင်ညာတို့ကို သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပါပြီ။

ဂိုးသမား အိုနာနာဟာ မန်ချက်စတာ ကလပ်မှာ အောင်မြင်လိုတာကြောင့် အာဖရိကဖလား ပွဲစဉ်တွေမှာ ကင်မရွန်းအတွက် တစ်ကျော့ပြန် သွားကစားဖို့ စီစဉ်နေတဲ့ ကိစ္စအား အမှန်တကယ် လုပ်ဆောင်ဖို့ တွေဝေနေပြီ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်ကုန်တော့မယ့် ကွင်းလယ်လူ တိုနီခရုစ်ကို ခေါ်ယူဖို့ မန်စီးတီး နည်းပြဂွာဒီယိုလာက ဆန္ဒရှိနေတယ်လို့ စပိန်သတင်းတွေက ဆိုပါတယ်။

စပါး နည်းပြ ပိုစတီကိုဂလူးကလည်း ဩဂုတ်လအတွက်ကော စက်တင်ဘာလအတွက်ပါ နှစ်လဆက်တိုက် အကောင်းဆုံး နည်းပြဆု ရရှိခဲ့ပါတယ်။

မန်စီးတီး ကွင်းလယ်လူ ကယ်ဗင် ဖီးလစ်ကို ချန်ပီယံလိဂ် ဝင်ခွင့်ရ ကလပ်တစ်သင်းက စိတ်ဝင်စားနေပြီး ဇန်နဝါရီမှာ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ အလားအလာ ရှိနေပါတယ်။

နယူးကာဆယ်အသင်းဟာ အာဆင်နယ် ကွင်းလယ်လူ စမစ်ရိုးကို သဘောကျနေကာ ဇန်နဝါရီမှာ ကမ်းလှမ်းမှု ပြုလုပ်လိုနေပါတယ်။

လီဗာပူးအသင်းဟာ ကွင်းလယ်ပိုင်း အင်အားဖြည့်မှုကို ဆက်လက် ပြုလုပ်လိုနေပြီး ဘရာဇီးကလပ် ဖလူမီးနက်စ် ကွင်းလယ်လူ အန်ဒရီကို ဆောင်းရာသီ ဈေးကွက် ဖွင့်ချိန်မှာ ခေါ်ယူနိုင်ရေး စကားပြောမှု စတင်သွားတော့မှာပါ။