နိုင်ငံတကာသီတင်းပတ် မတိုင်ခင် ဘရိုက်တန် ၂-၂ လီဗာပူး ပွဲစဉ်ဟာ သရေပွဲအဖြစ် ပြီးဆုံးခဲ့ပေမယ့် နည်းစနစ်ပိုင်း လေ့လာသူတွေကြားမှာတော့ ဗီဒီယိုဖိုင်ဖြင့် ကောက်နှုတ် မှတ်သားရတဲ့ အနေအထားအချို့ ရှိလာနေပါတယ်။
တယ်လီဂရပ်က ဖော်ပြရာမှာတော့ ဘောလုံးပွဲတွေရဲ့ တစ်ဦးချင်းဆိုင်ရာ ထိပ်တိုက် ရင်ဆိုင်မှုတွေကို လေ့လာသူတွေဟာ ကွင်းလယ်ပိုင်း ဖိအားပေးမှုတွေရဲ့ သက်ရောက်မှုကို အဆိုပါပွဲကနေ သင်ယူမှုအချို့ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဘရိုက်တန်ပွဲမှာတော့ ကွင်းလယ် ဧရိယာအတွင်း တိုက်စစ်သမားတွေက ကစားကွက် တည်ဆောက်မှု ကောင်းတဲ့ ပြိုင်ဘက် ခံစစ်သမားနဲ့ ဂိုးသမားကို ဖိအားပေးခြင်းဟာ အစွန်ပိုင်း ထိပ်တိုက်တွေ့မှုလို ပွဲအခြေအနေအပေါ် သက်ရောက်မှု ကြီးမားတဲ့ ဖြစ်ရပ်တွေကို ဖြစ်စေခဲ့ပါတယ်။
ဘရိုက်တန်ရဲ့ အဖွင့်ဂိုးဟာ မက်ကယ်လစ္စတာကို ဖိအားပေးခြင်းကနေ ရရှိခဲ့တာ ဖြစ်သလို လီဗာပူးကလည်း ဘရိုက်တန်အသင်း ကစားကွက် တည်ဆောက်နိုင်ခြင်း မရှိအောင် ဖိအားပေးမှုတွေ ပြုလုပ်ခဲ့တယ်။
ဘောလုံးပိုင်ဆိုင်မှုကို ရဖို့ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကြိုးစားတဲ့ ကလပ်နှစ်သင်း ယှဉ်ပြိုင်ချိန်မှာ ခံစစ်ကနေ ဘောလုံးမထုတ်နိုင်အောင် ဘယ်လို နှောက်ယှက်ကြမလဲ သင်ကြားမှုအတွက် ဘရိုက်တန် vs လီဗာပူးပွဲကနေ သင်ခန်းစာ ယူခဲ့ကြတယ်လို့ သိရပါတယ်။