လီဗာပူးနည်းပြကလော့ပ်က ပြင်ပက လူတွေ အသင်းကစားသမားတွေနဲ့ အသင်းအပေါ် ချီးကျူးနေတာကို အကောင်းမြင်ပေမယ့် သာယာနေမယ့်အစား တိုက်ခိုက်လိုစိတ်တွေ ပြသဖို့က ပိုအရေးကြီးတယ်လို့ သိပေးခဲ့ပါတယ်။

ကလော့ပ်ရဲ့ Liverpool 2.0 ဟာ စတင် အခြေခိုင်လာခဲ့ပေမယ့် လူတန်တောင်း၊ တူးလုစ်ပွဲတွေမှာ အတော်လေးကို နုံချာခဲ့တာပါ။ အသင်းဟာ ဒီရာသီမှာ အဝေးကွင်း ရလဒ်တွေမကောင်းဖြစ်နေပြီး ဒီပွဲတွေကပဲ အသင်းကို နိုးထစေမယ်လို့ ကလော့ပ်က မျှော်လင့်နေပါတယ်။

“ ခြုံပြောရရင်တော့ ကျနော်တို့ အကောင်းမြင်စရာ အခြေအနေမှာ ရှိနေတယ်။ ဒါကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အရေးကြီးပါတယ်။ ကျနော်တို့ကို ချီးကျူးတာတွေ ရှိနေတယ်။ အကောင်းမြင်တဲ့ မှတ်ချက်တွေလည်း ရနေတယ်။ အသင်းလိုက်ကော တစ်ဦးချင်း အနေအထားတွေအတွက်ပါ ကျနော် ပျော်ပါတယ်။

ဒါပေမယ့် ကျနော်တို့ ဘောလုံးပွဲတွေကို နိုင်ဖို့လိုပါတယ်။ တိုက်ခိုက်လိုစိတ်နဲ့ ကစားဖို့ လိုပါတယ်။ ” လို့ နည်းပြကလော့ပ်က ပြောပါတယ်။

ကလော့ပ်ကပဲ ကိုယ်ဘက်က ၄ ဦးနဲ့ ပြိုင်ဘက်ကစားသမား ၁ ဦး ဘောလုံး ယှဉ်လုရာမှာ ကိုယ့်ဘက်က ရှုံးပြီး ဘောလုံးပါသွားခြင်းလို အနေအထားကို သဘောမကျပါဘူး။ ခံစစ်ပိုင်း ဒီလို အမှားတွေ ထပ်ပြီး အဖြစ်ခံလို့ မရဘူးလို့ သူက ထောက်ပြပါတယ်။

ဒီရာသီ အိမ်ကွင်း ၆ ပွဲကို ၆ ပွဲလုံး နိုင်ပေမယ့် အဝေးကွင်းပွဲ ၆ ပွဲမှာ ၂ ပွဲပဲ အနိုင်ရတာမျိုးဟာ ခပ်မြန်မြန် သင်ယူရမယ့် သင်ခန်းစားတွေလိုလည်း နည်းပြက မြင်ပါတယ်။

“ တူးလုစ့်နဲ့ လူတန်ပွဲတွေက အများကြီး သင်ခန်းစာပေးပါတယ်။ အဲ့ပွဲတွေက အဝေးကွင်းဖြစ်နေလို့ ရုန်းကန်နေရတာ မဟုတ်ပါဘူး။ ဒီလို ပြင်းထန်တဲ့ အားပေးမှုမျိုးရှိတဲ့ ပြိုင်ဘက်တွေကို ကျနော်တို့ ရင်ဆိုင်ဖူးပါတယ်။ နယူးကာဆယ်ပွဲက ဥပမာ တစ်ခုပါ။

ကျနော်တို့ သင်ယူဖို့ လိုပါတယ်။ ဒီလိုပွဲတွေကနေ သင်ယူရပါမယ်။ ခံစားချက်တွေ မကောင်းခဲ့ရပေမယ့် ဒီလို အနေအထားကနေ ခပ်မြန်မြန် သင်ယူဖို့ လိုတယ်။ သိပ်ကို အရေးကြီးပါတယ်။ ” လို့ ကလော့ပ်က သတိပေးခဲ့တာ ဖြစ်ပါတယ်။