မနေ့ညက ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ အာဆင်နယ်က ၁-ဝ နဲ့ နိုင်တဲ့ ပွဲမှာ ဂန်းနားတို့ အတွက် ဂိုးသမား ရမ်ဒယ်စ် တစ်ယောက် ပြန်ပြီး ပွဲထွက်ခွင့် ရခဲ့ပါတယ်။
အင်္ဂလန်သားဟာ ဒေးဗစ်ရာယာ အသင်းဟောင်းနဲ့ တွေ့တာကြောင့် ပြန်ဝင် ကစားရတဲ့ အပေါ် စိတ်လှုပ်ရှားနေပုံရပြီး ပထမပိုင်းမှာ အမှားကြီး တစ်ခု လုပ်လိုက် ပါသေးတယ်။ ဒါပေမယ့် ဂိုးမပေးရဘဲ ပွဲကို သိမ်းနိုင်ခဲ့ပြီး ပွဲပြီးချိန်မှာ clean sheet ပါ ရခဲ့တာပါ။
ဂိုးသမား ရမ်စ်ဒယ်ရဲ့ စွမ်းဆောင်ရည် အပေါ် မှတ်ချက်ပေးဖို့ မေးမြန်းခံခဲ့ရရာမှာ အာတီတာက
” ကျွန်တော်တို့ အသင်းရဲ့ စွမ်းဆောင်ရည်ကို ကြည့်ရတာ ကျေနပ် ပျော်ရွှင်မိပါတယ်။ ဒီနေ့ပွဲမှာ clean sheet လည်း ရခဲ့တယ်။ အသင်းသားတိုင်း လုပ်ဆောင်ခဲ့တာတွေ အပေါ် ကျေနပ် အားရမှု ရှိပါတယ်။ ” လို့ တုန့်ပြန်ခဲ့ပါတယ်။
ဘရန့်ဖို့ဒ်နဲ့ အတွေ့မှာ ရမ်စ်ဒယ် စိတ်လှုပ်ရှားနေပုံ ရတဲ့ အပေါ် နားလည်နိုင်ရဲ့လား ထပ်မံ မေးမြန်းခံရရာမှာလည်း အာတီတာက ” ဒီနေ့ အသင်းက ချွင်းချက်မရှိကို ကောင်းမွန်ခဲ့ပါတယ်။ ” လို့သာ တုန့်ပြန် ဖြေကြားသွားပါတယ်။
ရမ်စ်ဒယ် တစ်ယောက်တည်းကို ချီးကျူးဖို့ မသိချင်ယောင်ဆောင် စကားလွှဲခဲ့ပေမယ့် အာတီတာက သူ ကြေးကြီးပေး ခေါ်ယူထားရတဲ့ ကိုင်ဟာဗက် ကိုတော့ အာတီတာက သီးသန့် ချီးကျူးစကား ဆိုခဲ့ပါသေးတယ်။