ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ ဂိုးသမား ရမ်စ်ဒယ်အတွက် ပရီးမီးယားလိဂ်ကလပ် တစ်သင်းထံက ချဉ်းကပ်မှု ရပေမယ့်လို့ အာဆင်နယ်ဘက်က ငြင်းဆန်လိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ လိုက်ဇစ်အသင်းမှ တိုက်စစ်မှူး ဝါနာကို ဇန်နဝါရီမှာ ခေါ်ယူဖို့ စုံစမ်းမှု ပြုလုပ်ထားပါတယ်။

အင်္ဂလန်ကလပ် ချယ်ဆီး၊ လီဗာပူးတို့ ခေါ်ယူလိုနေတဲ့ Gabriel Moscardo ကို ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းကလည်း စိတ်ဝင်စားမှု ပြသလာနေပါတယ်။

သောမက်စ် ပါတေးရဲ့ အနာဂတ် မသေချာသေးခြင်းနဲ့အတူ ဇန်နဝါရီမှာ အက်စတွန်ဗီလာ ကွင်းလယ်လူ ဒေါက်ကလပ် လူးဝစ်ကို ခေါ်ယူဖို့ အာဆင်နယ်အသင်း စိတ်ဝင်စားနေပါတယ်။

ချယ်ဆီးအသင်းဟာ ဇန်နဝါရီမှာ တိုက်စစ်မှူးသစ် တစ်ဦး အပါအဝင် လူသစ် ၃ ဦးလောက်ထိ ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေပါတယ်။

လီဗာပူး အပါအဝင် ပရီးမီးယားလိဂ်ကလပ် အချို့က စောင့်ကြည့်နေတဲ့ ပဲလေစ့် ကွင်းလယ်လူ ဒိုကိုရီဟာ ပြင်းထန်တဲ့ ခြေထောက်ဒဏ်ရာကြောင့် လက်ကျန် ဘောလုံးရာသီ တစ်ခုလုံး အနားယူသွားရပြီ ဖြစ်ပါတယ်။

အာဆင်နယ်နဲ့ မန်စီးတီးတို့ဟာ အသက် ၁၅ နှစ်အရွယ် ဒိန်းမတ်ကြယ်ပွင့် Tristan Aldcroft Panduro ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ ၎င်းဟာ အင်္ဂလန်ကိုလည်း ကိုယ်စားပြုခွင့်ရှိထားသူ ဖြစ်ပါတယ်။

Al Ittihad အသင်း တောင်ပံသမား ဂျိုတာကို ဇန်နဝါရီမှာ အငှားခေါ်ယူဖို့ စပါးဘက်က ပြင်ဆင်နေပါတယ်။ ဂျိုတာဟာ နည်းပြပိုစတီကိုဂလူနဲ့ ဆဲလ်တစ်အသင်းမှာ လက်တွဲခဲ့ဖူးပါတယ်။

ဘရန့်ဖိုဒ့်အသင်းဟာ ချယ်ဆီးနဲ့ အာဆင်နယ်တို့ စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူး တိုနေးကို ဇန်နဝါရီမှာ ရောင်းထုတ်သွားမှာ မဟုတ်ဘဲ ရာသီကုန်ထိ အသင်းမှာ ဆက်ထိန်းသွားမှာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ ခံစစ်မှူး ချာဘိုဘတ်၊ ဘယ်အစွန်လူ အီရန်မာဆန်နဲ့ ခံစစ်သမား မာလန်ဆားတို့ကို ဇန်နဝါရီမှာ ရောင်းချသွားဖို့ ပြင်ဆင်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ခံစစ်မှူးသစ် ခေါ်ယူဖို့ ရှာဖွေမှု ပြုလုပ်နေပြီး အန်တိုနီယို ဆေးဗား၊ တိုဒီဘိုနဲ့ တပ်ဆိုဘာတို့ကို စောင့်ကြည့်နေပါတယ်။ ယူနိုက်တက် တာဝန်ရှိသူတွေကတော့ နွေထက် ဇန်နဝါရီမှာ ခေါ်ယူလိုနေပါတယ်။