ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်အတွက် စပါးနဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ရဲ့ ပွဲကြို သုံးသပ် ခန့်မှန်းချက်တွေ က အောက်ပါအတိုင်း ဖြစ်ပါတယ်။

Arsenal v Wolves

ပြီးခဲ့တဲ့ပွဲမှာ အာဆင်နယ်က ဘရန့်ဖိုဒ့်ကို အနိုင်ယူခဲ့ပါတယ်။ ချန်ပီယံဖြစ်လိုရင် နောက်ကျဂိုးနဲ့ဖြစ်ပါစေ ဒီလို အနိုင်ယူနိုင်ဖို့ လိုပါတယ်။ အာဆင်နယ်တို့ သက်သောင့်သက်သာ အနိုင်ရမယ်ပဲ မြင်ပါတယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် 3-0 ဝုဗ်

Newcastle v Man Utd

ချန်ပီယံလိဂ်ပွဲအပြီး နယူးကာဆယ်က နားရက်ပိုရထားပါတယ်။ အဲ့တာကပဲ ကွာခြားချက် ဖြစ်သွားပါလိမ့်မယ်။ နယူးကာဆယ်က ချယ်ဆီးကို အထင်ကြီးဖွယ် ခြေစွမ်းနဲ့ အနိုင်ရခဲ့ပြီး ပီအက်စ်ဂျီကို ရင်ဆိုင်ရာမှာတော့ ကံမကောင်းပါဘူး။ နှစ်သင်းကြား ပွဲကောင်းဖြစ်မယ်လို့ ထင်မိပါတယ်။

ဒီပွဲ သရေဖြစ်မယ်လို့ ကျနော် ထင်ပါတယ်။ နယူးကာဆယ်က ဂိုးတွေ သွင်းနိုင်တယ်၊ ချယ်ဆီးကို ၄-၁ ဖြင့် အနိုင်ယူခဲ့တယ်။ ဒီပွဲမှာလည်း ဂိုးတွေ သွင်းယူနိုင်မယ်လို့ ထင်ပါတယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ နယူးကာဆယ် 2-2 မန်ယူနိုက်တက်

Chelsea v Brighton

ချယ်ဆီးကို ဘယ်လို ပြောရမယ်ကို မသိတော့ပါဘူး။ သူတို့ အိပ်လိုက်၊ နိုးထလာလိုက်၊ ပြန်အိပ်သွားလိုက်နဲ့ပါပဲ။ သူတို့ ဘယ်လို ဘောလုံးရာသီကို ပိုင်ဆိုင်နေလဲ ဆိုတာတောင် ကျနော် မသိတော့ပါဘူး။ သူတို့ လိုချင်တာနဲ့ ဒီရာသီ ရနေတာက လုံလောက်အောင် ကောင်းနေမယ်လို့ မထင်ပါဘူး။

အခြားတစ်ဘက်မှာ ဘရိုက်တန်ကတော့ အမှတ်ပေးဇယားမှာ နေရာကောင်းကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် သူတို့က လက်ရှိထက် ပိုမြင့်တဲ့ နေရာကို ပိုင်ဆိုင်ထားသင့်တာပါ။ သူတို့ ရမှတ်တွေ ယူနိုင်စွမ်းရှိပြီး ဒီပွဲ သရေကျမယ်လို့ ထင်ပါတယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ ချယ်ဆီး 2-2 ဘရိုက်တန်

Liverpool v Fulham

လီဗာပူးက အမှတ်ပေးဇယား တတိယနေရာမှာ ရှိနေပြီး ဇယားထိပ်နဲ့ ၂ မှတ်ပဲ ကွာဟနေတာ ဖြစ်ပါတယ်။ ဒီတော့ ထိပ်ဆုံးနဲ့အနီးမှာ ဆက်ရှိချင်တယ်ဆိုရင် ရမှတ်တွေ ဆက်ယူရမယ်ဆိုတာ လူတိုင်း သိပါတယ်။

ဖူလ်ဟမ်ကလည်း ဂရုမစိုက်ရင် ဒုက္ခရောက်နိုင်တဲ့ အသင်းပါ။ အခုတော့ သူတို့ အဆင်ပြေတယ် ဒါပေမယ့် လီဗာပူးက သူတို့အတွက် တောင့်တင်းလွန်းပါတယ်။ လီဗာပူးပဲ နိုင်သွားပါလိမ့်မယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ လီဗာပူး 3-1 ဖူလ်ဟမ်

Man City v Tottenham

တော်တင်ဟမ်က ဘောလုံးရာသီကောင်းကို ပိုင်ဆိုင်ထားတယ်၊ ပထမနေရာကို ရောက်ခဲ့သလို နိုင်ပွဲပြီးရင်း နိုင်ပွဲရခဲ့ပေမယ့် ရှုံးပွဲ တစ်ပွဲက အရာအားလုံးကို ပြောင်းလဲခဲ့ပါတယ်။ အဲ့နောက် ဒဏ်ရာ ပြဿနာတွေ ဆက်တိုက် ရင်ဆိုင်လာခဲ့ရတယ်။

တော်တင်ဟမ်ရဲ့ လက်တလော ပုံစံနဲ့ ဒဏ်ရာ စာရင်းတွေအရ စီးတီးပဲ အနိုင်ရပါလိမ့်မယ်။ အခုချိန်မှာ စီးတီးမှာက ပြဿနာ မရှိပါဘူး။ စီးတီးမှာ ဒဏ်ရာ ပြဿနာတွေ ရှိခဲ့ရင်လည်း အစားထိုးဖို့ရာ လုံလောက်တဲ့ အရည်အချင်း ရှိပါတယ်။

စပါးလို ခက်ခဲတဲ့ အခြေအနေမျိုး ရင်ဆိုင်ရရင်တောင် နည်းပြက သူ့ကစားသမားတွေကို လှုံ့ဆော် ပေးရမှာပါ။ စီးတီးက ဒီပွဲ အနိုင်ရဖို့ ရေပန်းစားသလို ရမှတ်တွေ ယူနိုင်ကြောင်း အရင်တည်းက သက်သေပြထားပြီးပါပြီ။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ မန်စီးတီး 3-2 စပါး

အခြားပွဲစဉ်တွေအတွက် ဘာဘာတော့ဗ် ခန့်မှန်းရလဒ်များ

  • Brentford 2-1 Luton Town
  • Burnley 2-1 Sheffield
  • Nottingham 0-1 Everton
  • Bournemouth 1-2 Aston Villa
  • West Ham 2-0 Crystal Palace