ဘီဘီစီ သတင်းဌာနမှ ဘောလုံးပွဲ ပင်တိုင် ခန့်မှန်းသူ ခရစ်ဆက်တန်ရဲ့ ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် ခန့်မှန်းချက်တွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

Arsenal v Wolves

အရင်အပတ်တုန်းက အာဆင်နယ်ဟာ ဘရန့်ဖိုဒ့်ကို နောက်ကျ သွင်းဂိုးဖြင့် အနိုင်ရခဲ့ပြီး အကျိတ်အနယ် ယှဉ်ပြိုင်ခဲ့ရတယ်။ ဒီပွဲကလည်း သူတို့ တစ်ဖတ်သတ် ကစားနိုင်မယ့် ပွဲစဉ်မျိုး ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီပွဲမှာ သူတို့ clean sheet ထပ်ရသွားမှာပါ။

ဆက်တန် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် 2-0 ဝုဗ်

Newcastle v Man Utd

ဂါလာတာစရေးနဲ့ ချန်ပီယံလိဂ်ပွဲမှာ မန်ယူနိုက်တက်က တိုက်စစ်ပိုင်း အတော်လေး ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမယ့်လို့ သူတို့ ခံစစ်က ဆိုးရွားခဲ့တယ်။ အတ်ဒီဟောင်ရဲ့ အသင်းဟာ အိမ်ကွင်းမှာ ချယ်ဆီးကို ပြတ်ပြတ်သားသား အနိုင်ယူခဲ့သလို ယူနိုက်တက်ကိုလည်း အနိုင်ယူသွားမှာပါ။

ဆက်တန် ခန့်မှန်းရလဒ်။ ။ နယူးကာဆယ် 3-1 မန်ယူနိုက်တက်

Chelsea v Brighton

ချယ်ဆီးက တည်ငြိမ်မှု မရှိသေးဘဲ ခံစစ်ပိုင်းကလည်း ဂိုးတွေ အများကြီး ပေးနေရချိန် ဘရိုက်တန်နဲ့ ယှဉ်ပြိုင်ရမယ် ဆိုတာက လွယ်တော့ မလွယ်ပါဘူး။ နှစ်သင်း တိုက်စစ်အပြိုင် ဂိုးတွေသွင်းကြပြီး ပိုချက်တီနိုရဲ့ အသင်းက နည်းနည်းလေး အသာရသွားမယ်လို့ ထင်ပါတယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ ချယ်ဆီး 3-2 ဘရိုက်တန်

Liverpool v Fulham

အီတီဟက်မှာ လီဗာပူးက အရေးပါတဲ့ တစ်မှတ် ရခဲ့ပေမယ့် ဒီပွဲမှာတော့ ၃ မှတ် အပြည့်ရဖို့ လိုအပ်ပါတယ်။ ကျနော်ကတော့ ဆာလာ ဂိုးသွင်းနိုင်မယ် ထင်မိပြီး ကလော့ပ်ရဲ့ အသင်းက သက်သောင့်သက်သာ အနိုင်ရသွားဖို့ ရှိပါတယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ လီဗာပူး 3-0 ဖူလ်ဟမ်

Man City v Tottenham

အီတီဟက်မှာ မန်စီးတီးကို သူတင်ကိုယ်တင် ယှဉ်ကစားနိုင်တဲ့အသင်း များများစားစား မရှိပါဘူး။ ဒီပွဲမှာ စပါးတို့ ဘယ်လို လူစာရင်း ထုတ်လာမယ် ဆိုတာက စိတ်ဝင်စားစရာပါပဲ။ ဂိုးတွေ မြင်ရမှာဖြစ်ပြီး အဲ့ထဲက အများစုကတော့ ဂွာဒီယိုလာရဲ့ အသင်းဘက်က သွင်းတာ ဖြစ်ပါလိမ့်မယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ မန်စီးတီး 4-2 စပါး

အခြားပွဲစဉ်တွေအတွက် ခရစ်ဆက်တန် ခန့်မှန်းရလဒ်များ

  • Brentford 2-0 Luton
  • Burnley 1-1 Sheff Utd
  • Nottingham 0-1 Everton
  • Bournemouth 1-1 Aston Villa
  • West Ham 1-1 Crystal Palace