မန်ချက်စတာ ယူနိုက်တက်ဟာ ဇန်နဝါရီနဲ့ ဒီရာသီကုန် အပြောင်းအရွှေ့တွေမှာ လက်ရှိ ကစားသမား တွေကို ထားမလား၊ ဆက်ထိန်းထားမလား ဆိုတာအတွက် ဆုံးဖြတ်မှုတွေ စတင် လုပ်ဆောင်လာပါပြီ။
ယူနိုက်တက်ဟာ စပါးကနေ အငှားခေါ်ယူထားတဲ့ ဘယ်အစွန်လူ ရယ်ဂီလွန်ကိုလည်း ဇန်နဝါရီမှာတင် လန်ဒန်ကလပ်ထံ ပြန်ပို့ဖို့ စီစဉ်နေပါတယ်။
ဒါ့အပြင် နောက်ထပ် အငှားခေါ်ထားသေးတဲ့ ကွင်းလယ်လူ အမရာဘတ်ကို အပြီးသတ် ခေါ်ယူမလား ပြန်ပို့မလား ကိုပါ ဒီလတွေအတွင်း အပြီးသတ် စဉ်းစားပေးရတော့မှာ ဖြစ်ပါတယ်။
နည်းပြတန်ဟက်က ဆန်ချိုကို အသင်းထံ ပြန်လာဖို့ လမ်းဖွင့်ပေးထားဆဲလို့ ပြောနေပေမယ့် ဘာစီလိုနာ က ခေါ်ချင်ရင် အင်္ဂလန်တိုက်စစ်သမားကို လက်လွှတ်ဖို့ ချိတ်ဆက်ထားပါတယ်။
ဒါ့အပြင် ယူနိုက်တက်ဟာ ဘာစီလိုနာမှာ ရုန်းကန်နေရတဲ့ ရာဖင်ညာကို ဆန်ချို အပြောင်းအရွှေ့ရဲ့ အစိတ်အပိုင်းအဖြစ် ပြန်လိုချင်နေတယ်လို့ သိရပါတယ်။
လာမယ့် ရာသီကုန်၊ ၂၀၂၄ နွေမှာ စာချုပ်ကုန်တော့မယ့် တိုက်စစ်မှူး မာရှယ်ရဲ့ အနာဂတ်ကိုလည်း ဆုံးဖြတ်ခဲ့ပြီဖြစ်ပါတယ်။ မာရှယ်ရဲ့ စာချုပ်ပါ သက်တမ်းတိုးခွင့် ကို ယူနိုက်တက် ဘက်က အသက် သွင်းတော့မှာ မဟုတ်ပါဘူး။
၂၀၁၉ မှာ ၅ နှစ် သက်တမ်းတိုးခဲ့စဉ်က ယူနိုက်တက်တို့ အလိုရှိရင် ၂၀၂၅ ခုနှစ်ထိ တစ်နှစ် သက်တမ်း တိုးခွင့် ပါဝင်ခဲ့တာပါ။
ဒါပေမယ့် အသက် ၂၈ နှစ်အရွယ် ပြင်သစ်တိုက်စစ်သမားကို လာမယ့်နွေမှာ ထွက်ခွင့်ပေးကာ ဇန်နဝါရီမှာ သင့်လျော်တဲ့ ကမ်းလှမ်းမှု ရလာရင်လည်း စဉ်းစားပေးသွားမှာ ဖြစ်ပါတယ်။
မာရှယ်ဟာ ၂၀၁၅ ခုနှစ်တုန်းက ကမ္ဘာ့ဈေးအကြီးဆုံး ဆယ်ကျော်သက်အဖြစ် အိုးထရတ်ဖိုဒ့်ထံ ရောက်ရှိလာခဲ့ကာ သူ့အတွက် ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၃၆ သန်းကနေ နောက်ပိုင်းမှာ ပေါင် ၅၈ သန်းထိ တိုးပေးခဲ့ရပါတယ်။