မေလ ၁ ရက်နေ့တုန်းက ကျဆင်းခဲ့တဲ့ ကမ္ဘာ့ရွှေစျေးဟာ အမေရိကန်ဗဟိုဘဏ် ဆုံးဖြတ်ချက်တွေအပြီး ချက်ခြင်း ပြန်တက်သွားခဲ့ပြီဖြစ်ပါတယ်။

ဘဏ်ဆုံးဖြတ်ချက်တွေ လုပ်ဖို့ ရှိသလို အတိုးနှုန်း ပြင်ဆင်မယ်ဆိုတဲ့ ကောလဟာလတွေကြောင့် မနေ့တုန်းက ကမ္ဘာ့ရွှေဟာ တအောင်စကို ၂၂၈၈ တန်းလောက်ထိ ကျဆင်းသွားခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန် ဗဟိုဘဏ် (U.S. central bankers) ဘက်က လက်ရှိ ပေါ်လစီ နှုန်းထားတွေဟာ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို့ စီပွားရေးလုပ်ဆောင်မှုတွေအပေါ် လုံလောက်စွာ ဖိအားပေးနိုင်နေဆဲလို့ ယုံကြည်ပြီး အပြောင်းအလဲ မလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ reuters က ဖော်ပြပါတယ်။

အခြေအနေကို စောင့်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တဲ့ အမေရိကန် ဗဟိုဘဏ်ရဲ့ ဆုံးဖြတ်ချက်အပြီးမှာ ကမ္ဘာ့ရွှေစျေးဟာ မူလအတိုင်း တအောင်စကို ဒေါ်လာ ၂၃၀၀ အထက်ကို ပြန်တက်သွားခဲ့ပါတယ်။

မြန်မာ့ရွှေစျေးဟာ ကမ္ဘာ့ရွှေစျေးကို တိုက်ရိုက် မှီခိုမှုမရှိပေမယ့် ရိုက်ခတ်မှုတော့ ရှိလာနိုင်ပါတယ်။ မေလ ၁ ရက်နေ့တုန်းက ကမ္ဘာ့ရွှေနည်းတူ ပြည်တွင်းရွှေဟာ ၁ ကျပ်သားကို ကျပ်ငွေ ၄၇၂၀၀၀၀ ထိ ကျဆင်းခဲ့ပေမယ့် ဒီရက်ထဲ ပြန်တက်လာနိုင်ပါတယ်။

အထူးသတိထား ရောင်းဝယ်ရမည့်အချိန်ပဲဖြစ်ပါတယ်။