ယူနိုက်တက်တို့ ရလဒ်တွေဆိုးရွားပြီး ဥရောပဝင်ခွင့်အတွက် အခြေအနေ မကောင်းပေမယ့် နည်းပြတန်ဟက်ကတော့ ရာထူးအတွက် စိုးရိမ်နေခြင်း မရှိပါဘူး။
မနက်က ပဲလေစ့်ကို ဂိုးပြတ် ရှုံးနိမ့်တာကြောင့် ယူနိုက်တက်ဟာ အဆင့် ၈ နေရာထိ ကျဆင်းသွားပြီး အာဆင်နယ်၊ မန်စီးတီး၊ လီဗာပူး၊ စပါး၊ ချယ်ဆီးတို့နောက် ရောက်သွားခဲ့ပါပြီ။
ရလဒ်တွေ ဆိုးနေပေမယ့် တန်ဟက်က ” ကိုယ့်ရဲ့ အနာဂတ်အကြောင်း မစဉ်းစားပါဘူး။ ကျနော်တို့အသင်းမှာ ပြဿနာတွေ အများကြီး ရှိနေပါတယ်။ ကျနော်ကတော့ တတ်နိုင်သလောက် အကောင်းဆုံး လုပ်ပေးနေမှာပဲ။
အသင်းမှာက ပြဿနာတွေ သိပ်များနေတာ။ ကျနော်ကတော့ အသင်းကို အကောင်းဆုံးဖြစ်အောင် ပဲ့ကိုင်ပေးဖို့ပဲ စဉ်းစားတယ်။ ” လို့ တုန့်ပြန်ခဲ့ပါတယ်။
အခြေအနေ ဆိုးရွားနေတဲ့ ယူနိုက်တက်ကို ဆက်လက် ကိုင်တွယ်ခွင့်ရသင့်ကြောင်း ကိုယ့်ဘာသာ ယုံကြည်မှုရှိလား? မေးခွန်းကို နယ်သာလန်သားက အခုလို ဖြေပါတယ်။
” သိပ်သေချာတာပေါ့။ ” လို့ တန်ဟက်က ပြောပါတယ်။ ” မှန်ကန်တဲ့ ကစားသမားတွေ ရှိမယ်ဆိုရင် ကျနော်တို့က အသင်းကောင်းဖြစ်နေဆဲပါ။ ကျနော်ကတော့ ဆက်လက် ကြိုးစားမှာပါ၊ အကောင်းဆုံးဖြစ်နိုင်ဖို့ တတ်နိုင်သလောက် လုပ်မှာပါ ” လို့ ဆက်ပြောခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်ပြိုင်ဘက် ပရိသတ်တွေကတော့ ဒဏ်ရာတွေကြောင့် ရလဒ်ဆိုးနေတာဖြစ်ပြီး တန်ဟက်ကို အချိန်ထပ်ပေးသင့်ကြောင်း ထောက်ခံပေးနေကြတာ ဖြစ်ပါတယ်။