ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် ဝါရင့် ဘောလုံးပွဲ ခန့်မှန်းသူ ပေါမာဆန်ရဲ့ ရလဒ် ခန့်မှန်းချက်တွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။

Fulham vs Manchester City

စပါးနဲ့ ဝက်စ်ဟမ်းတို့က ပုံစံကောင်းတွေ ပျောက်ဆုံးနေတာမို့ ဖူလ်ဟမ်ကပဲ မန်စီးတီးအတွက် အခက်ခဲဆုံးပွဲ ဖြစ်လာနိုင်ပါတယ်။ အဲ့တာကလွဲလို့ မန်စီးတီး နိုင်ပွဲ မရစရာ အကြောင်း မမြင်ပါဘူး။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ ဖူလ်ဟမ် ၁-၃ မန်စီးတီး

Nottingham Forest vs Chelsea

ဒီတလောမှာ ဘိုလေက ချယ်ဆီးအသင်းရဲ့ ရလဒ်ကောင်းတွေကို ကျေနပ်စရာတွေ ထုတ်ပြောထားတယ်။ ဒီရာသီ ပိုချက်တီနို လက်အောက်မှာ သူတို့ထံက ဘာတွေမြင်ရမယ်ဆိုတာ လုံးဝ ခန့်မှန်းလို့ မရပါဘူး။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ ဖောရက်စ် ၂-၂ ချယ်ဆီး

Manchester United vs Arsenal

အာဆင်နယ်ကတော့ ယူနိုက်တက်ကို ပဲလေစ့်တို့ ရှင်းထုတ်လိုက်တာကို ကြည့်ပြီး ကျေနပ်နေမှာပါ။ ယူနိုက်တက်က အာဆင်နယ်ကို ရင်ဆိုင်ဖို့ အခွင့်အရေး မရှိပါဘူး။ အာဆင်နယ်က သိပ်ကောင်းနေတဲ့ အသင်းဖြစ်တာမို့ ဒီပွဲကို အနိုင်ရသင့်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ ယူနိုက်တက် ၁-၃ အာဆင်နယ်

Aston Villa vs Liverpool

ဘာအတွက်မှ ကစားရဖို့ မရှိတော့တာကြောင့် လီဗာပူးက ဒီပွဲကို ဖွင့်ကစားမှာပါ။ ဒါကြောင့် ကျနော်ကတော့ ကြည့်ကောင်းမယ့် ပွဲစဉ်မျိုးဖြစ်လာမယ် ထင်ပါတယ်။ ကျနော်ကတော့ ဒီပွဲကို ၂-၂ ဖြစ်မယ်လို့ ထင်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ အက်စတွန်ဗီလာ ၂-၂ လီဗာပူး

အခြားပွဲစဉ်တွေအတွက် ပေါမာဆန် ခန့်မှန်းရလဒ်

Everton 3-0 Sheffield United
West Ham 1-1 Luton
Bournemouth 2-1 Brentford
Wolves 2-2 Crystal Palace
Tottenham 3-2 Burnley
Newcastle United 3-0 Brighton