ပြင်ပဈေးကွက်တွင် အမေရိကန် ၁ ဒေါ်လာလျှင် ၄၄၀၀ ကျပ်ကျော်တွင် ရှိနေကြောင်း ဧရာဝတီက ဖော်ပြသည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်း (YGEA)၏ အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သား ၄၆၅၈၆၄၁ ကျပ် ဖြစ်သည်။

ကမ္ဘာ့ရွှေ ၁ အောင်စ အမေရိကန်ဒေါ်လာ ၂၃၁၃ ဒေါ်လာ ရှိပြီး

ပြင်ပ အကယ်ဒမီအခေါက်ရွှေဈေး ၅၄၀၀၀၀၀ ကျပ်ကျော်တွင်ရှိနေသည်။

ပြင်ပ ၁၅ ပဲရည် လက်ဝတ်ရတနာဈေး ၅၀၀၀၀၀၀ ကျပ်ကျော်တွင်ရှိနေသည်။

လက်ရှိတွင် ရွှေနှင့် ဒေါ်လာ ဈေးကွက်အတွင်း အဖမ်းအဆီးများကြောင့် ပြင်ပဈေးကွက်တွင် ယုံကြည်ရသည့် သူနှင့်သာ ကြိုက်ရောင်း ကြိုက်ဝယ် လုပ်ကြကြောင်း သိရသည်။

ဗဟိုဘဏ်က သတ်မှတ်သည့် ဒေါ်လာဈေးမှာ တဈေးရှိပြီး ယင်းဈေးမှာ ဝန်ဆောင်မှု လုပ်ငန်းများအတွက်သာ အလုပ်ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

အထက်ပါ ဈေးနှုန်းများမှာ အချိန်နှင့်အမျှ အပြောင်းအလဲ ရှိနိုင်ပါသည်။