ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းက သတ်မှတ်နှုန်းထားဖြင့်သာ ရောင်းချကြဖို့ သတိပေးထားတာကြောင့် ၎င်းတို့ သတ်မှတ်နှုန်းအတိုင်း မရောင်းနိုင်ခြင်းနဲ့အတူ ရွှေစျေးကွက် ရပ်တန့်နေပါတယ်။

ပြင်ပရွှေစျေး တရားဝင် မဖွင့်နိုင်ပေမယ့် ရွှေအသင်းစျေးနဲ့ ၈ သိန်းနီးပါး ကွာဟနေပါတယ်။

ယနေ့ ပြည်တွင်းရွှေဈေး (ဇွန်လ ၁၄ ရက်၊ သောကြာနေ့ နံနက် ၁၀ နာရီ)

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၃၁၇ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း
– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၄၆၂၉၅၅၁ ကျပ်

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
၅၄၅၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
၅၁၃၅၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။