အာဆင်နယ် အသင်းဟာ ရာယာရဲ့ နောက်၊ အရန် ဂိုးသမား ဖြစ်သွားတဲ့ ရမ်ဒယ်စ် ကို ရှင်းထုတ်ဖို့ရာမှာ သူတို့ လိုချင်တဲ့ အချက်တွေကြောင့် အခက်တွေ့နေပါတယ်။
အာဆင်နယ် ဘက်က ရမ်ဒယ်စ်ကို အငှား အနေနဲ့လည်း မလွှတ်ချင်သလို ရောင်းမယ် ဆိုရင်လည်း ပေါင် သန်း ၅ဝ လောက် အလိုရှိနေပါတယ်။
ရမ်ဒယ်စ်ကို လွန်ခဲ့တဲ့ ၃နှစ်တုန်းက ခေါ်ယူခဲ့စဉ် ပေးခဲ့ရတဲ့ ပြောင်းရွှေ့ကြေးထက် နည်းတဲ့ ပမာဏနဲ့ မရောင်းချင်တာကြောင့် အာဆင်နယ်ဘက်က ရောင်းဈေးကို လျှော့ချပေးလိုခြင်း မရှိပါဘူး။
ဒေးဗစ် ရာယာ က ပွဲထွက် ဂိုးသမား ဖြစ်လာပြီးနောက် ရမ်ဒယ်စ် ဟာ အရန် ဂိုးသမား အဖြစ်သာ အာဆင်နယ်မှာ ရှိနေတော့တာပါ။ ဒါပေမယ့် အာဆင်နယ်က ရမ်ဒယ်စ် အတွက် ကြိုက်ဈေး မရရင် ထုတ်မရောင်းဘဲ တင်းခံထားဖွယ် ရှိပါတယ်။
အသက ၂၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အင်္ဂလန်သားကတော့ ပုံမှန်ပွဲထွက်ခွင့် မရတော့ရင် အသင်းကနေ ထွက်ခွာဖို့ ကြိုးစား ဖိအားပေးလာဖွယ် ရှိပါတယ်။ ဒါပေမယ့် အာဆင်နယ်ဘက်က ရမ်ဒယ်စ် ကို အငှားလွှတ်ဖို့လည်း ဆန္ဒ မရှိဘူးလို့ သိရပါတယ်။