မန်ချက်စတာ ယူနိုက်တက်ဟာ အဲဗာတန် ခံစစ်မှူး ဘရိတ်ဝိတ်အတွက် မာဆေးဆိုဒ်ကလပ် တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို ပေးဖို့ မရှိပါဘူး။
နည်းပြအာနယ် ဆလော့လက်ထက် ကြီးမားတဲ့ ခေါ်ယူမှုကြီး တစ်ခုလုပ်ဖို့ ရည်ရွယ်နေတဲ့ လီဗာပူးအသင်းဟာ ဘင်ဖီကာ ကွင်းလယ်လူ နီဗက်စ်ကို ကမ်းလှမ်းမှု ဝင်လုပ်မယ်လို့ ပေါ်တူဂီဘက်က ယုံကြည်နေပါတယ်။
ဘုန်းမောက်ကနေ အလွတ်ဖြင့် ထွက်ခွာလာတဲ့ ခံစစ်မှူးကယ်လီဟာ နယူးကာဆယ်အသင်းနဲ့ ဆေးစစ်မှု ပြုလုပ်နေပြီဖြစ်ပါတယ်။
လိုက်ဇစ်အသင်းဟာ တိုက်စစ်မှူး ဆက်ကို အား ၅ နှစ် သက်တမ်းတိုးလိုက်ကြောင်း တရားဝင် သတင်းထုတ်ပြန်ပါတယ်။
ယူနိုက်တက်ဟာ မနှစ်ကရာသီ ဂီတာဖေးအသင်းထံ အငှားချထားတဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်ကို ဂျူဗင်တပ်အသင်းနဲ့ စကားပြောခွင့်ပေးတော့မှာ ဖြစ်ပါတယ်။
ချယ်ဆီးဟာ အက်စတွန်ဗီလာအသင်းမှ အသက် ၂၀ အရွယ် တိုက်စစ်မှူး ဒူရမ်ကို ယူရို သန်း ၅၀ဖြင့် ခေါ်ယူနိုင်ဖို့ နီးစပ်နေပါပြီ။
တန်ဟက်ကို ဆက်ထိန်းပြီး မသေချာမရေရာဖြစ်နေတဲ့ နည်းပြကိစ္စကို အပြီးသတ်ဖို့ စီစဉ်လာခြင်းအတွက် ယူနိုက်တက် ကစားသမားတွေက ကျေနပ်နေပါတယ်။
နယူးကာဆယ်အသင်းဟာ ဘာစီလိုနာ တိုက်စစ်သမား ဖာရန်တောရက်စ်ကို ယူရို သန်း ၂၀ ဖြင့် ခေါ်ယူနိုင်ဖို့ ချိတ်ဆက်နေပါတယ်။
ဘိုင်ယန်မြူးနစ်၊ လီဗာပူးအသင်းတို့ထံက စိတ်ဝင်စားမှု ရရှိနေပေမယ့်လို့ လီဗီ ကိုးဝဲလ်ဟာ ချယ်ဆီးမှာပဲ ဆက်နေသွားမှာပါ။
ကိုးဝဲလ်ကို ခေါ်ယူနိုင်ဖွယ် မရှိတာကြောင့် ဘိုင်ယန်မြူးနစ်ဟာ လီဗာပူးခံစစ်မှူး ဂိုးမက်စ်ကို ပြောင်းလဲ စိတ်ဝင်စားလာပါတယ်။
အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ်မှာ နည်းပြအန်ဆယ်လော့တီနဲ့ ဆက်ဆံရေး အေးစက်နေတဲ့ ဂိုးသမား လူနင်ကို ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။
နည်းပြတန်ဟက် ယူနိုက်တက်မှာ ဆက်ရှိနေမှာဖြစ်လို့ တိုက်စစ်မှူး ဆန်ချိုက ဒီနွေမှာ အသင်းသစ်ထံ ကူးပြောင်းသွားဖို့ ပိုမို ဖြစ်နိုင်ချေ များလာပါပြီ။