ပြည်တွင်းရွှေစျေးကွက်မှာ သတ်မှတ်ရွှေစျေးနှုန်းဖြင့်သာ ရောင်းချဖို့ သတိပေးထားမှုကြောင့် ရွှေစျေးကွက် ရပ်တန့်နေပေမယ့် ဝယ်ယူလို့ရနိုင်မယ့် ဆိုင်များစာရင်းကို ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ထုတ်ပြန်လာပါတယ်။

ရွှေအသင်းက ပြည်တွင်း အခေါက်ရွှေစျေးကို ၁ ကျပ်သား ၄၆ သိန်းဝန်းကျင်ဖြင့် စျေးသတ်မှတ်ပေးထားတာ ဖြစ်ပါတယ်။

ပြင်ပရွှေစျေးဟာ ၁ ကျပ်သား ၅၄ သိန်းကျော်ရမှာဖြစ်တာကြောင့် ရွှေဆိုင်အများစုက YGEA သတ်မှတ်စျေးအတိုင်း မရောင်းနိုင်တာကြောင့် အခေါက်ရွှေ အရောင်းအဝယ်ကို ရပ်တန့်ထားပါတယ်။

YGEA ကတော့ ရွှေဆိုင် ၃ ဆိုင်ဟာ သတ်မှတ်ရွှေစျေးနှုန်းဖြင့် ရွှေများကို ရောင်းချပေးလျက်ရှိကြောင်း နဲ့ အဆိုပါရွှေဆိုင်များမှာ ရွှေစင်အကယ်ဒမီရွှေဆိုင်၊ အကယ်ဒမီရွှေဆိုင်နှင့် အောင်သမာဓိရွှေဆိုင်တို့ဖြစ်ကြောင်း ထုတ်ဖော်လာပါတယ်။

YGEA က ထုတ်ပြန်ထားသည့် ဓာတ်ပုံများတွင် ရွှေဝယ်ယူရန် လူများတန်းစီစောင့်ဆိုင်းနေသည်ကိုလည်း တွေ့ရပါတယ်။

ဝယ်ယူသူတွေကတော့ ၎င်းရွှေဆိုင်တွေဟာ တစ်ဦးလျှင် ၁ ပဲ၊ ၂ ပဲနှုန်းတွေ ရောင်းချပေးနေတာဖြစ်ပြီး လိုသလောက် ဝယ်ယူလို့ ရနိုင်တာမျိုး မဟုတ်ဘူးလို့ ပြောပြကြပါတယ်။