ဒီကနေ့မှာ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ နွေအပြောင်းအရွှေ့ စျေးကွက် စတင် ဖွင့်လှစ်ပြီဖြစ်ပါတယ်။
ချန်ပီယံလိဂ်ကလပ်တွေ ကမ်းလှမ်းခဲ့ရင် ပေါင် သန်း ၆၀ ဖြင့် ထွက်ခွင့်ပေးရမယ်ဆိုတဲ့ သဘောတူညီချက် ပါဝင်ထားတဲ့ အိုလီဆန်ကို အဆိုပါ တန်ကြေးထက် ပိုမပေးရဖို့ ချယ်ဆီးဘက်က ယုံကြည်ချက်ရှိနေပါတယ်။
လီဗာပူးနဲ့ ယူနိုက်တက်တို့ဟာ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ဖြစ်မယ် ရေပန်းစားနေတဲ့ လိုင်လီခံစစ်မှူး ယိုရိုကို ခေါ်ယူဖို့ရာ ပစ်မှတ်ထားလာနေပါတယ်။
ဆော်ဒီပရိုလိဂ်ကလပ် Al Nassr အသင်းဟာ လီဗာပူးအသင်း ခံစစ်မှူး ဗန်ဒိုက်ကို ကမ္ဘာ့လုပ်ခအမြင့်ဆုံး ခံစစ်မှူးဖြစ်စေမယ့် ပမာဏမျိုးဖြင့် ကမ်းလှမ်းလိုနေပါတယ်။
လီဗာပူးဂိုးသမား အယ်လီဆန်ဟာ ဒီနွေမှာ သူတို့ကို စိတ်ဝင်စားနေတဲ့ ဆော်ဒီလိဂ်ထံ ပြောင်းရွှေ့မှာ မဟုတ်ဘဲ အင်္ဂလန်မှာပဲ ဆက်ရှိနေမှာဖြစ်ပါတယ်။
ပဲလေစ့်အသင်းဟာ ဘာစီလိုနာခံစစ်မှူး Chadi Riad ကို ဒီနွေအတွက် ပထမဆုံး ခေါ်ယူမှုအဖြစ် လက်မှတ်ထိုးလိုက်ပါပြီ။
ချယ်ဆီးအသင်းဟာနဲ့ အက်စတွန်ဗီလာတို့ဟာ တိုက်စစ်မှူး ဒူရမ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၄၀ ဖြင့် နှစ်သင်း သဘောတူညီမှုရခဲ့ပါပြီ။ ချယ်ဆီးဘက်က ဒူရမ်နဲ့ ပုဂ္ဂိုလ်ရေး ဆက်လက် ညိနှိုင်းရပါမယ်။
နယူးကာဆယ်အသင်းဟာ ချယ်ဆီး တိုက်စစ်သမား မာဒူခီကို အလိုရှိနေပြီး အက်စတွန်ဗီလာကတော့ ဘယ်အစွန်လူ မတ်ဆန်ကို ခေါ်ယူလိုနေပါတယ်။
ယူနိုက်တက်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုရထားတဲ့ ခံစစ်မှူး ဘရိတ်ဝိတ်အတွက် အဲဗာတန်ဘက်က ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀-၈၀ ကြား အလိုရှိနေပါတယ်။
အာဆင်နယ်အသင်းဟာ စပို့တင်း တိုက်စစ်မှူး ခရိုကီးယက်စ်ကို ခေါ်ယူလိုပေမယ့် စျေးအရမ်းကြီးနေတာကြောင့် နောက်ဆုတ်ရဖွယ် ရှိနေပါတယ်။