အာဆင်နယ် ဂိုးသမား အာရွန် ရမ်စ်ဒယ် လာမယ့် ရာသီမှာတော့ အရန်ခုံမှာပဲ ထိုင်မနေချင်တော့ကြောင်း နည်းပြ အာတီတာ ထံ အသိပေး စကား ပြောကြား လိုက်ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ် နွေရာသီမှာ ဒေးဗစ်ရာယာ ရောက်လာပြီးနောက် ရမ်စ်ဒယ် ဟာ ပွဲထွက် ကစားသမား နေရာ လက်လွှတ်လိုက်ရပြီး ပြိုင်ပွဲစုံ ၁၀ ပွဲသာ ကစားခွင့် ရရှိ ခဲ့ပါတယ်။

လက်ရှိ အချိန်မှာ နယူးကာဆယ် အသင်းဟာ ရမ်စ်ဒယ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် အာဆင်နယ် အသင်း သတ်မှတ်ထားတဲ့ ပေါင်သန်း ၃၀ ကိုတော့ ပေးချေဖို့ တွန့်ဆုတ်နေပါတယ်။

ရမ်စ်ဒယ် ကတော့ ပွဲမကစားရရင် အသင်းပြောင်းလိုကြောင်း အခုလို ဖော်ထုတ် ပြောဆိုလာပြီ ဖြစ်ပါတယ်။

” ဘောလုံး မကစားချင်တဲ့ ဘောလုံးသမားရယ်လို့တော့ မရှိပါဘူး။ ပြောရရင် ဒီနှစ်မှာ ပွဲမကစားရတော့ ကျနော့်အတွက် အတော်လေး ခက်ခဲတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။ ကျနော် ဒါမျိုး ထပ်မဖြစ်ချင်တော့ပါဘူး။ ” လို့ ရမ်စ်ဒယ်က နောက်ဆုံး အင်တာဗျူးမှာ ထည့်သွင်း ပြောဆိုခဲ့တာပါ။

ဆက်လက်ပြီး ရာယာ ကို ပထမ ဂိုးသမားနေရာ လွှဲပေးလိုက်ရတဲ့ အပေါ် ဘယ်လို ခံစားရသလဲ ဆိုတဲ့ မေးခွန်းကို ရမ်စ်ဒယ် က ခုလို တုန့်ပြန်ခဲ့ပါတယ်။

“တကယ့်ကို ခက်ခဲပါတယ်။ အခု အချိန်မှာတော့ ကျနော် စိတ်သက်သာရာရနေပါပြီ၊ အင်္ဂလန် အသင်းမှာ ပါဝင် ကစားခွင့် ရတဲ့ အတွက် အကြီးအကျယ် ဂုဏ်ယူ မိသလို ရင်ဘတ်မှာ ဒီတံဆိပ်ကို ဆင်မြန်းခွင့် ရတဲ့ အတွက် ဂုဏ်ယူမဆုံးပါဘူး။ ” ” လို့ ပြောကြား သွားခဲ့ပါတယ်။

ရမ်စ်ဒယ် ကတော့ ဒီနွေမှာ အင်္ဂလန်အသင်း ယူရိုပြိုင်ပွဲကနေ အောင်မြင်မှု တခုခု ရယူနိုင်ဖို့ ကူညီပေးချင်စိတ် ထက်သန်နေပါတယ်။