ဒီတလောမှာ ပြင်ပရွှေစျေးထက်စာရင် ရွှေအသင်းစျေးက ဆက်တိုက် အတက်ကို ဦးတည်လာနေခဲ့တာ အခေါက်ရွှေ ၁ ကျပ်သားကို ကျပ် ၄၈ သိန်းဝန်းကျင်ထိ ပြန်ရောက်လာနေပါတယ်။

ပြင်ပစျေးကတော့ ၅၉ သိန်းတဝိုက်မှာ ရှိနေကာ ရွှေရောင်းလိုသူတွေ စျေးကွက်လိုက်ရှာနေရတဲ့ အခြေအနေဖြစ်ပါတယ်။

ယနေ့ ပြည်တွင်းရွှေဈေး (ဇူလိုင်လ ၁၈ ရက်၊ ကြာသပတေးနေ့)

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၄၇၅ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း
– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၄၇၈၈၅၉၀ ကျပ်

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
၅၈၉၀၀၀၀ ကျပ်

– ၁၅ပဲရည် (ပြင်ပစျေးကွက်)
၅၅၄၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။