ယူနိုက်တက်ဟာ လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ် ပစ်မှတ်ဖြစ်တဲ့ ပြင်သစ်ခံစစ်မှူး ယိုရိုကို ယူရို ၆၂ သန်းပေးပြီး ခေါ်ယူဖို့ သဘောတူညီမှု ရသွားပါပြီ။

လီဗာပူးကွင်းလယ်လူဟောင်း သီယေဂိုဟာ ဘာစီလိုနာ နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် လာမယ့်ရာသီက စတင် တာဝန်ယူမယ့်အကြောင်း တရားဝင် သတင်းထုတ်ပြန်လိုက်ပါပြီ။

စမစ်ရိုး ကို ခေါ်ယူဖို့ ဖူလ်ဟမ် အသင်းက ကမ်းလှမ်းမှု စတင်ပြုလုပ်လိုက်ပြီး အာဆင်နယ် အသင်းက ပယ်ချလိုက်ပြီ လို့ သိရပါတယ်။

ဂိုးသမား အီဒါဆန် အတွက် ဆော်ဒီကလပ် အယ်နာဆာ အသင်းရဲ့ ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းမှုကို မန်စီးတီးက ငြင်းဆန်ပယ်ချခဲ့ပါတယ်။

ဆော်ဒီကလပ် Al Ittihad အသင်းဟာ အက်စတွန်ဗီလာ ကြယ်ပွင့် ဒီယာဘီကို ခေါ်ယူနိုင်ရေး ယူရို ၅၅ ဖြင့် ကမ်းလှမ်းလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ စပိန်အသင်း ယူရိုဖလား အောင်မြင်ရေးမှာ အဓိကကျခဲ့တဲ့ ကွင်းလယ်လူ မာရီနိုကို ခေါ်ယူဖို့ စတင် လှုပ်ရှားလာပါပြီ။

မန်စီးတီး တိုက်စစ်သမား အဲဗာရက်စ်ဟာ အက်သလက်တီကို အသင်းထံ ရောက်ရှိမယ် သတင်းကြီးလာနေပြီ ဖြစ်ပါတယ်။

ဒီနွေမှာ အာဆင်နယ်ကနေ ထွက်ဖို့ များနေတဲ့ ဂိုးသမား ရမ်ဒယ်စ်ကို ခေါ်ယူဖို့ တန်းတက် ဆောက်သမ်တန် အသင်းက ပစ်မှတ်ထားနေပါတယ်။

တိုက်စစ်မှုး မိုရာတာက အက်သလက်တီကို မက်ဒရစ်ကနေ အေစီမီလန်အသင်းထံ ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။