အာဆင်နယ် အသင်းဟာ အင်္ဂလန်သား ကွင်းလယ် ကစားသမား စမစ်ရိုး ကို ရောင်းချမှာ ဖြစ်ပေမယ့် ဘယ် ကလပ်အသင်းကို သွားချင်လဲ ဆိုတဲ့ ကစားသမားရဲ့ ဆန္ဒကို လေးစားမှုထားကာ ဦးစားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
The Athletic သတင်းဌာနက အဆို အရ အင်္ဂလန်သား ကွင်းလယ် ကစားသမားဟာ တခြားကလပ်ကို ရွှေ့ပြောင်းရမယ် ဆိုရင် ပုံမှန် ပွဲကစားခွင့် ရရှိချင်နေပြီး အာဆင်နယ် ဘက်ကလည်း စမစ်ရိုး စိတ်တိုင်းကျမှသာ အပြောင်းအရွှေ့ကို အတည်ပြုဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
အာဆင်နယ်က ဒီတလော လတွေ အတွင်း စမစ်ရိုး အတွက် ဖူလ်ဟမ်နဲ့ ခရစ္စတယ်ပဲလေ့စ် တို့ရဲ့ ကမ်းလှမ်းမှုတွေ ရရှိခဲ့ပေမယ့် ပယ်ချထားခဲ့ပါတယ်။
စမစ်ရိုး ကို အခြား ပရီးမီးယားလိဂ် ကလပ် တစ်သင်းသင်းထံ ရောင်းရမယ် ဆိုရင် အာဆင်နယ်က ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်း + ထပ်ဆောင်းကြေးတွေ ရရှိလိုပါတယ်။
နောက်ဆုံး ရရှိထားတဲ့ ဖူလ်ဟမ် အသင်းရဲ့ ကမ်းလှမ်းမှုက ပေါင် သန်း ၃ဝ ထိ ပေးထားတယ်လို့ သိရပြီး အာဆင်နယ်ကတော့ လက်မခံသေးဘဲ ပယ်ချထားတာပါ။
အသက် ၂၃ နှစ် အရွယ် ကွင်းလယ် ကစားသမား စမစ်ရိုး ဟာ ပြီးခဲ့တဲ့ ရာသီက အာဆင်နယ် အတွက် ၁၉ ပွဲ ကစားပြီး ဂိုး ထောက်ပံ့မှု ၂ ကြိမ်သာ ပြုလုပ်ထားနိုင်ပါတယ်။