ချယ်ဆီးခံစစ်မှူး ဖိုဖာနာဟာ ကလပ်အသင်းဖော် အန်ဇို ဖာနန်ဒက်စ်ရဲ့ အာဂျင်တီးနားအသင်း အောင်ပွဲခံမှုကနေ ထွက်ပေါ်လာတဲ့ လူမျိုးရေးခွဲခြားမှုကို စိတ်ပျက်နေပါတယ်။
ဖိုဖာနာက အန်ဇိုရဲ့ ဗီဒီယိုကို “၂၀၂၄ ရောက်နေချိန် ဘောလုံးမှာ လူမျိုးရေးခွဲခြားမှုတွေ မရှိသင့်တော့ဘူး ” ဆိုတဲ့ စာသားနဲ့ ပြန်လည် တုန့်ပြန်ခဲ့တာပါ။
၂၀၂၂ ကမ္ဘာ့ဖလား ဖိုင်နယ်မှာ အာဂျင်တီးနားနဲ့ ပြင်သစ်အသင်းတို့ တွေ့ဆုံခဲ့ကြပြီး တောင်အမေရိကအသင်းက အနိုင်ရခဲ့တာပါ။ အဆိုပါ ပြိုင်ပွဲပြီးကတည်းက အာဂျင်တီးနား ကစားသမားတွေဟာ ပြင်သစ် ကစားသမားတွေကို အမြဲတစေ လှောင်ပြောင်နေခဲ့တာ ဖြစ်ပါတယ်။
၂၀၂၄ ကိုပါအမေရိကကို အောင်မြင်ပြီးနောက် အာဂျင်တီးနား ကစားသမားတွေ အောင်ပွဲခံနေချိန်မှာ နိုင်ဂျီးရီးယား မိခင်တွေ၊ ကင်မရွန်းဖခင်တွေကနေ ဆင်းသက်လာတဲ့ ပြင်သစ်ကစားသမားတွေ အားလုံးက အန်ဂိုလာ (အာဖရိကနိုင်ငံ) ကလာကြတာ ဆိုတဲ့ စာသားတွေနဲ့ လူမျိုးရေးခွဲခြားခဲ့တာပါ။
ပြင်သစ် ဘောလုံးအဖွဲ့ချုပ်ကတော့ အဆိုပါ ဗီဒီယိုဖိုင်အား လူမျိုးရေးခွဲခြားမှုအဖြစ် ဖီအာကို တိုင်ကြားမှု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။