ကျပ်ငွေတန်းဖိုး ကျဆင်းခြင်းနဲ့အတူ နိုင်ငံခြားငွေတွေ ဝယ်ယူမှု များပြားလာခြင်းမှာ ကမ္ဘာ့ရွှေနဲ့ ဒေါ်လာစျေးအပေါ် မူတည် တွက်ချက်တဲ့ ရွှေစျေးဟာလည်း လိုက်တက်လာတာပါ။

မြန်မာရွှေသမိုင်းမှာ အမြင့်ဆုံး စျေးတန်းတစ်ခုကို ရောက်ရှိလာပေမယ့် ပွင့်လင်းတဲ့ စျေးကွက်မရှိသလို လွတ်လပ်စွာ ဝယ်ယူလို့မရတဲ့ ရွှေအပေါ် လူတွေရဲ့ စိတ်ဝင်စားမှု နည်းပါးသွားပါတယ်။

ယခင်နှစ် ဒီလိုအချိန်တွေနဲ့ နှိုင်းယှဉ်မရအောင် အရောင်းအဝယ် အေးနေတယ်လို့ စျေးကွက်တွင်းက စုံစမ်းသိရှိရပါတယ်။

ယနေ့ ပြည်တွင်းရွှေဈေး (ဇူလိုင်လ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့)

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၄၀၅ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း
– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၄၆၄၅၆၆၂ ကျပ်

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
၆၈၂၀၀၀၀ ကျပ်

– ၁၅ပဲရည် (ပြင်ပစျေးကွက်)
၆၆၂၀၀၀၀ ကျပ်