၂၀၂၄-၂၅ ပရီးမီးယားလိဂ်ရာသီသစ်မှာ set-pieces တွေနဲ့ပတ်သက်ပြီး စည်းမျဉ်းတွေကို တင်းတင်းကျပ်ကျပ် jဖစ်အောင် ပြင်ဆင်သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။
ဖရီးကစ်နဲ့ထောင့်ကန်ဘောတွေမှာ ကစားသမားတစ်ဦးဟာ ပြိုင်ဘက်ကို နှောင့်နှေးအောင် ဟန့်တားတာမျိုးလုပ်ရင် ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘော သတ်မှတ်ပေးမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အသင်းဟာ set-pieces တွေကို အကျိုးရှိအောင် ကောင်းကောင်းအသုံးချနိုင်ခဲ့ပြီး အကြိမ်အများဆုံးအဖြစ် set-pieces ၂၂ ဂိုးအထိ သွင်းယူခဲ့သလို အဲဒီထဲမှာ ထောင့်ကန်ဘောကနေ သွင်းခဲ့တဲ့ ဂိုးအရေအတွက်ကလည်း ၁၆ ဂိုးအထိရှိခဲ့ပါတယ်။
ဒါ့အပြင် အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ set-piece ကနေ ဂိုးပေးခဲ့ရတာက ၆ ဂိုးသာရှိပြီး ဒုတိယမြောက် aပးဂိုးအနည်းဆုံးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
အာဆင်နယ်ကစားသမားတွေက ပြိုင်ဘက်ဂိုးသမားအပါအဝင် ပြိုင်ဘက်ကစားသမားတွေရဲ့ ပြေးလမ်းကြောင်းကို ပိတ်ဆို့တာ၊ လူကို နှောင့်နှေးအောင် ဆွဲထားတာမျိုးတွေလုပ်ခဲ့ကြပြီး ဒီရာသီမှာတော့ အဲဒီလိုမျိုး လုပ်ပိုင်ခွင့်ရမှာ မဟုတ်ပါဘူး။
ရာသီသစ်ကျရင် set-pieces အနေအထားတွေမှာ ကစားသမားတစ်ဦးဟာ ပြိုင်ဘက်ကို ပိတ်ဆို့တာမျိုး၊ ဖမ်းဆွဲထားတာမျိုးတွေလုပ်ရင် ဒိုင်လူကြီးက ချက်ချင်းပြစ်ဒဏ်ဘောပေးမယ်လို့ ဗြိတိန်သတင်းစာ The Times က ဖော်ပြခဲ့ပါတယ်။
set-pieces အသုံးချမှု ကောင်းမွန်တဲ့ အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ မန်စီးတီးကို ကျော်ဖြတ်ပြီး ချန်ပီယံဆုရယူနိုင်ဖို့ ပစ်မှတ်ထားနေတာကြောင့် အခု စည်းမျဉ်းအပြောင်းအလဲက အာဆင်နယ်အတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာဖွယ် ရှိနေပြီ ဖြစ်ပါတယ်။