အာဆင်နယ် အသင်းက ပရီးမီးယားလိဂ် ပွဲစဉ် ၁ အဖြစ် ဝုဗ် အသင်းနဲ့ စတင် တွေ့ဆုံနေပြီး အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားမှာပါ။ ပွဲကတော့ ဒီ စနေနေ့ မြန်မာစံတော်ချိန် ည ၈ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဖြစ်တဲ့ ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်က အာဆင်နယ်နဲ့ ဝုဗ် ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်း ထားပါတယ်။
ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်
လူတော်တော် များများက ဒီရာသီ ပရီးမီးယားလိဂ်ကို အာဆင်နယ် အနိုင်ရမယ် ခန့်မှန်းနေကြတယ်။ ဒါပေမယ့် သူတို့ ဖလားရမလား မရဘူးလားက မန်စီးတီးအပေါ် မူတည်နေပါတယ်။
အာတီတာရဲ့ အသင်းက ပြီးခဲ့တဲ့ရာသီ ဖိုင်နယ်ပွဲထိ ဖလားစိန်ခေါ်မှုမှာ ပါဝင်ခဲ့တာထက် ပိုလုပ်နိုင်စရာ မရှိတော့ပါဘူး။ သူတို့ ဆက်လုပ်ပြနိုင်ဖို့ လိုပါတယ်။
ဝုဗ်အသင်းဟာ ပြီးခဲ့တဲ့ရာသီ နောက်ဆုံးသီတင်းပတ်တွေမှာ ဆိုးရွားတဲ့ ကျဆင်းမှုတွေ ရှိခဲ့ပေမယ့် သူတို့နည်းပြ ဂယ်ရီအိုနေးဟာ ကောင်းမွန်တဲ့ အခြေအနေကို ရောက်အောင် ကိုင်တွယ်နိုင်ခဲ့ပါတယ်။
နက်တိုနဲ့ ကယ်မန်းတို့နေရာ အစားထိုးဖို့ အိုနေးတို့ အများကြီး အလုပ်လုပ်ရဦးမှာဖြစ်ပြီး ဒီပွဲက သူတို့အတွက် ခက်ခဲလွန်းပါတယ်။
ခရစ်ဆက်တန် ခန့်မှန်းရလဒ်
အာဆင်နယ် ၂-၀ ဝုဗ်