လီဗာပူးလ်အသင်း အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားတဲ့ ဗလင်စီယာအသင်းရဲ့ ဂျော်ဂျီယာ ဂိုးသမား ဂျော်ဂျီ မာမာဒက်ရှ်ဗီလီကို မန်ချက်စတာ ယူနိုက်တက်ကပါ မာမာဒက်ရှ်ဗီလီကို ကြားဖြတ် ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဒီနွေမှာ အသင်းအတွက် ကစားသမားသစ် တစ်ဦးတစ်ယောက်မှ မခေါ်ရသေးတဲ့ လီဗာပူးလ်ဟာ အနာဂတ်မှာ အယ်လီဆန်နေရာအတွက် အစားထိုးဖို့ မာမာဒက်ရှ်ဗီလီကို ချိန်ရွယ်ထားကာ တခြား ကလပ်အသင်း တစ်သင်းသင်းဆီ တစ်ရာသီခန့်လောက် အငှားချဖို့ပါ စီစဉ်ထားပါတယ်။

မာမာဒက်ရှ်ဗီလီ ကိုယ်တိုင်ကလည်း လီဗာပူးလ်ဆီကို ပြောင်းရွှေ့ချင်နေပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ရရှိထားပေမယ့် အခုအထိတော့ လီဗာပူးလ်နဲ့ ဗလင်စီယာအသင်းတို့ကြား သဘောတူညီမှုတော့ မရသေးပဲ ဖြစ်နေပါတယ်။

ဒီလို အခြေအနေမျိုး ဖြစ်နေချိန်မှာ ယူနိုက်တက်က မာမာဒက်ရှ်ဗီလီကို လီဗာပူးလ်ဆီကနေ ကြားဖြတ် ခေါ်ယူဖို့ပါ ရှိလာနိုင်ပြီး တကယ်လို့ အခုဈေးကွက်ထဲမှာ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကိုသာ ရောင်းချနိုင်ခဲ့မယ်ဆိုရင် အသင်းရဲ့ လစာပေးချေမှုတွေလည်း ပိုအဆင်ပြေသွားနိုင်တဲ့အတွက် နောက်ထပ် ကစားသမား ခေါ်ယူမှုတွေကို လုပ်ဆောင်လာနိုင်ပါတယ်။