ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂ မှာတော့ အာဆင်နယ် အသင်းဟာ အက်စတွန်ဗီလာ နဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ဒီနှစ်သင်းဟာ မနက်ဖြန် စနေနေ့ည ၁၁ နာရီ အချိန်၊ ဗီလာပါ့ခ် ကွင်းမှာ ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။

ဂန်းနားဟောင်းကြီး ပေါမာဆန်က ဗီလာနဲ့ အာဆင်နယ် တို့ ပွဲစဉ် အတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်

ဒီပွဲက ပွဲကောင်းဖြစ်မှာပါ။ မနှစ်ကရာသီ အက်စတွန်ဗီလာနဲ့ ၂ ကြိမ်စလုံးမှာ အာဆင်နယ်တို့ ရလဒ် ထိခိုက်ခဲ့ပြီး ဒါကပဲ ဖလားစိန်ခေါ်မှုကို သက်ရောက်မှု ရှိစေခဲ့ပါတယ်။ ဒီအပတ်ပွဲကို အာဆင်နယ် ရှုံးပြီး မန်စီးတီး နိုင်သွားရင် ဂန်းနားတွေ နောက်ထပ် အထိနာမှုဖြစ်လာဦးမှာပါ။

အာတီတာရဲ့ အသင်းဟာ စက်တင်ဘာမှာ စပါးနဲ့ရော မန်စီးတီးနဲ့ပါ ထိပ်တိုက် တွေ့ဦးမှာမို့ လွယ်ကူတဲ့ ပွဲစဉ်တွေကို ကျော်ဖြတ်ရမှာ မဟုတ်ပါဘူး။

အခြေအနေတွေက ကိုယ့်ဘက်မှာ မရှိဘူးဆိုရင် အောက်တိုဘာမှာတင် အာဆင်နယ်တို့ ဖလားပြိုင်ဆိုင်မှုကနေ ထွက်ရ နိုင်ပါတယ်။

အက်စတွန်ဗီလာကစလို့ လာမယ့် ၄ ပွဲဟာ အာဆင်နယ်အတွက် အရမ်းကို အရေးကြီးပါတယ်။ အဲ့ထဲက ၂ ပွဲကို ရှုံးနိမ့်မယ်ဆိုရင် အာဆင်နယ်ရဲ့ ဖလား စိန်ခေါ်မှုက ပြီးသွားပါပြီ။

ဒီပွဲမှာတော့ အာဆင်နယ်နိုင်မယ် ထင်ပါတယ်။ ဒါပေမယ့် အက်စတွန်ဗီလာတို့ ဂိုးတော့ ရသွားမှာ ဖြစ်ပါတယ်။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်

အက်စတွန်ဗီလာ ၁-၂ အာဆင်နယ် ဖြစ်ပါတယ်။