ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂ အတွက် ဝါရင့် ဘောလုံးပွဲ သုံးသပ်သူ ပေါမာဆန်ရဲ့ ပွဲကြို ခန့်မှန်းချက်တွေကို ဖော်ပြသွားမှာပါ။

Brighton vs Manchester United

အဲဗာတန်နဲ့ ရင်ဆိုင်ကစားတဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ဘရိုက်တန်က သိပ်ကောင်းတဲ့ရလဒ် ရထားပါတယ်။ ယူနိုက်တက်က ဒီလို အဝေးကွင်းပွဲမှာ နိုင်ပွဲရစရာအကြောင်း မရှိပါဘူး။ ရလဒ်အားဖြင့်တော့ ဒီပွဲက သရေကျမယ်လို့ ထင်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ ဘရိုက်တန် ၁-၁ မန်ယူနိုက်တက်

Manchester City vs Ipswich Town

ဒီပွဲမှာ ဘယ်သူကမှ အစ်ဝစ်ချ်တို့ နိုင်မယ် ခန့်မှန်းမှာ မဟုတ်ပါဘူး။ စီးတီးက အေးအေးဆေးဆေးရှိမယ့်ပွဲပါပဲ။ ဒီပွဲအတွက် ကျနော်ရဲ့ ခန့်မှန်းကတော့ အစ်ဝစ်ချ်တို့ ၃-၀ နဲ့ ရှုံးပါမယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ မန်စီးတီး ၃-၀ အစ်ဝစ်ချ်

Aston Villa vs Arsenal

ပြီးခဲ့တဲ့ ရာသီ အက်စတွန်ဗီလာနဲ့ ၂ ကြိမ်စလုံးမှာ အာဆင်နယ်တို့ ရလဒ်ထိခိုက်ခဲ့တာက ဖလားစိန်ခေါ်မှုကို သက်ရောက်မှုရှိခဲ့ပါတယ်။ ဒီပွဲမှာတော့ အာဆင်နယ်နိုင်မယ် ထင်ပါတယ်။ ဒါပေမယ့် အက်စတွန်ဗီလာတို့ ဂိုးတော့ ရသွားမှာ ဖြစ်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ အက်စတွန်ဗီလာ ၁-၂ အာဆင်နယ်

Wolves vs Chelsea

အာဆင်နယ်ကို ရှုံးသွားတာတောင် ဝုဗ်အသင်း ကစားပုံက ကောင်းမွန်ခဲ့ပါတယ်။ ဒီရာသီ သူတို့ အဆင်ပြေမှာပါ။ စီးတီးကို ရင်ဆိုင်ရာမှာ မာရက်စကာရဲ့ အသင်းက လိုအပ်ချက်များခဲ့ပြီး ဒီအပတ် ဝုဗ်ပွဲမှာ ချယ်ဆီးတို့ သရေကျမှာပါ။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ ဝုဗ် ၁-၁ ချယ်ဆီး

Liverpool vs Brentford

လီဗာပူး ကွင်းလယ်ကို ကျနော် နည်းနည်းလေး စိတ်ပူပါတယ်။ သူတို့က အသင်းငယ်တွေနဲ့ဆို အဆင်ပြေမှာပါ။ ဘရန့်ဖိုဒ့်ပွဲမှာလည်း ပြဿနာရှိဦးမှာ မဟုတ်ပါဘူး။ လီဗာပူးကို သဘောကျတဲ့အချက်က သူတို့က အမြဲတမ်း ဂိုးသွင်းနိုင်တာပါပဲ။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ လီဗာပူး ၃-၀ ဘရန့်ဖိုဒ့်

အခြားပွဲစဉ်တွေအတွက် ပေါမာဆန် ခန့်မှန်းရလဒ်များ

Tottenham Hotspur 2-0 Everton
Crystal Palace 1-0 West Ham
Southampton 1-0 Nottingham Forest
Fulham 2-0 Leicester City
Bournemouth 0-2 Newcastle United