အာဆင်နယ် က ဒီညမှာ ပရီးမီးယားလိဂ် ပွဲ အဖြစ် အက်စတွန်ဗီလာ အသင်း ကို အဝေးကွင်း ဗီလာပါ့ခ်မှာ သွားရောက် ရင်ဆိုင်ရမှာပါ။

ဒီနှစ်သင်းဟာ ဒီ စနေနေ့ည ၁၁ နာရီ အချိန်၊ ဗီလာပါ့ခ် ကွင်းမှာ ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် က ဒီည အက်စတွန် ဗီလာနဲ့ အာဆင်နယ် တို့ ပွဲစဉ် အတွက် အခုလို ကြိုတင် သုံးသပ် ခန့်မှန်းထားပါတယ်။

ခရစ်ဆက်တန် ပွဲကြို သုံးသပ်ချက်

အာဆင်နယ်အသင်းက ပြီးခဲ့တဲ့ အပတ် ဝုဗ်နဲ့ ပွဲမှာ ကောင်းကောင်း လွှမ်းမိုးကစားနိုင်ခဲ့သလို ဗီလာကလည်း အိမ်ကွင်းမှာ ဝက်စ်ဟမ်းကို နိုင်ပွဲကြီး ရခဲ့ပါတယ်။

ဒီတပတ် ပွဲကတော့ သရေ လို့ ခံစားမိနေတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အာတီတာရဲ့ အာဆင်နယ်ဟာ အက်စတွန်ဗီလာ ကို အိပ်ကပ်ထဲ ထည့်ပြီး အသာ ရသွားနိုင်တယ် လို့ ခန့်မှန်းချင်ပါတယ်။

ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်

အက်စတွန်ဗီလာ ၁-၂ အာဆင်နယ် ဖြစ်ပါတယ်။