မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၌ ယနေ့နံနက်တွင် ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်မှာ ဓားပြတိုက်ခံရပြီး ရွှေ ၁၀ ပိဿာခန့်နှင့် ငွေကျပ်သိန်း ၁၀၀၀ ကျော် လုယက်သွားကြောင်း သိရသည်။

ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်သည် အိမ်မှနေ၍ ချမ်းအေးသာစံမြို့နယ် လမ်း ၃၀ (မင်္ဂလာဈေးဟောင်း) အနီးရှိ ဆိုင်သို့သွားရန် ပြင်ဆင်နေချိန်

နံနက် ၈ နာရီခန့်တွင် နေအိမ်သို့ လူ ၇ ဦးက သေနတ်များ ကိုင်ဆောင်ကာ နစ်ဆန်း အေဒီဗင်ငွေရောင် ကားဖြင့်ရောက်ရှိလာပြီး ရွှေထည်ပစ္စည်းထည့်ထားသည့်ခြင်းအား လုယက်သွားခြင်းဖြစ်သည်။

ချောင်ချောင်ရွှေဆိုင် ဓားပြတိုက်ခံရမှုမှာ ဒုတိယအကြိမ်မြောက်ဖြစ်ကာ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် များနှင့် ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး နေအိမ်မှ CCTV နှင့် အနီးဝန်းကျင်ရှိ CCTV မှတ်တမ်းများ တောင်းယူသွားသလို အနီးဝန်းကျင်အား စစ်ဆေးခြင်းများ လုပ် ဆောင်သွားကြောင်း သိရသည်။