ဒီအပတ်ပွဲတွေအတွက် ဂန်းနားဟောင်းကြီး ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်များက အောက်ပါအတိုင်းပါပဲ။
Southampton vs Manchester United
ဆောက်သမ်တန်လို အသင်းက အနိုင်ယူသွားတာကို လုံးဝ ခံချင်မှာ မဟုတ်ဘူး။ ဒါကြောင့် အဲရစ်တန်ဟက် အတွက် အိပ်မက်ဆိုး လို ပွဲမျိုးပါ။ ဒီပွဲက နိုင်ကို နိုင်မှ ဖြစ်ပါမယ်။ တခြား နည်းလမ်း မရှိဘူး။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Southampton 0-3 Man United
Liverpool vs Nottingham Forest
ဒီပွဲ လီဗာပူးနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ခက်ခဲတဲ့ ပွဲ ဖြစ်နိုင်ပါတယ်။ အာနယ်ဆလော့ရဲ့ အသင်းကို မြင်ထားလောက်သကတော့ ကျွန်တော် အတော် သဘောကျတယ်။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Liverpool 2-0 Forest
Manchester City vs Brentford
ဒီပွဲမှာ ကျွန်တော်ကတော့ မန်စီးတီးကို ရွေးချယ်မှာပေါ့၊ ဒါ သေချာပါတယ်။ အဘက်ဘက်က စဉ်းစားကြည့်ရင် အခုနေမှာ မန်စီးတီးကို ဘယ်အသင်းမှ အနိုင်ယူနိုင်ဖို့ မမြင်ပါဘူး။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Manchester City 3-0 Brentford
Bournemouth vs Chelsea
ဒီပွဲက ဒီအပတ် ပြောရ အခက်ဆုံး ပွဲပါ။ ချယ်ဆီးက ပွဲတစ်ပွဲကို ၃-ဝ၊ ၄-ဝ လောက်နဲ့ နိုင်ရင်လည်း နိုင်သွားနိုင်သလို ရှုံးလည်း သွားနိုင်တယ်။ ဒီပွဲ ချယ်ဆီး ရှုံးရင်လည်း ကျွန်တော် အံ့သြမိမှာ မဟုတ်ဘူး။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Bournemouth 1-1 Chelsea
Tottenham vs Arsenal
ဒီပွဲက အာဆင်နယ် အတွက် ပွဲကြီး ပွဲကောင်းပါ။ ဒီအပတ် စီးတီးနိုင်ပြီး အာဆင်နယ် သရေကျမယ် ဆိုရင် နှစ်သင်းကြား ၄ မှတ်ထိ ကွာဟသွားမှာပါ။ ဒီပွဲကို သရေ လို့ ကျွန်တော် ရွေးချယ်ရလိမ့်မယ်။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Tottenham 1-1 Arsenal
အခြားပွဲစဉ်များအတွက် ပေါမာဆန် ခန့်မှန်းရလဒ်များ
Fulham 2-2 West Ham
Crystal Palace 3-1 Leicester City
Brighton & Hove Albion 3-0 Ipswich Town
Aston Villa 3-0 Everton
Wolves 1-2 Newcastle United