ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ဂျင်း အဖြစ်ဆုံး ကစားသမား ကတော့ အာဆင်နယ် နွေတုန်းက ဝယ်ယူခဲ့တဲ့ တိုက်စစ်မှုး ရာဟင်း စတားလင်း ဖြစ်တယ် လို့ လီဗာပူး တိုက်စစ်မှုးဟောင်းကြီး စတန် ကော်လီမိုးက သုံးသပ် ထောက်ပြလိုက်ပါတယ်။

စတားလင်း ဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်ကျမှ ချယ်ဆီးကနေ အာဆင်နယ်ထံ အံ့အားသင့်ဖွယ် ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။

အင်္ဂလန်သား က ဒီရာသီ ပရီးမီးယားလိဂ် ၂ ပွဲ သာ ပွဲထွက်ကနေ ပါဝင်ထားပြီး များသော အားဖြင့် အရန်ကနေသာ ပါဝင်ထားရပါတယ်။

” ရာဟင်း စတားလင်းကတော့ အတော်ကြီး စိတ်ပျက်နေလောက်ပါပြီ။ သူ ပြောင်းလာတုန်းက ဒီကလပ် အတွက် အကောင်းဆုံး လုပ်အားတွေနဲ့ စွမ်းဆောင်ပြမယ် လို့ ပြောထားတာပါ၊ ဒါပေမယ့် ဖြစ်မလာနိုင်ခဲ့ဘူး။

အခုထိ သူ ရုန်းကန်နေရသေးတယ်။ သူက ပရီးမီးယားလိဂ်ရဲ့ ဒီရာသီ ဂျင်း ကစားသမား ထဲ သေချာပေါက် ပါဝင်ပါတယ်။

သူက အတွေ့အကြုံ ရှိတဲ့ ကစားသမား တစ်ယောက်၊ ဆုဖလားတွေလည်း ရယူဖူးတယ်။ ဒါကြောင့် အဝတ်လဲခန်းမှာ အာဆင်နယ် အသင်းသားတွေကို နောက်တစ်လယ်ဗယ်ထိ မြှင့်တင်ပေးနိုင်မယ် မျှော်လင့်ခံထားရပေမယ့် ဘာမှကို ဖြစ်မလာတာပါ။ ” လို့ ကော်လီမိုးက သုံးသပ် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ နွေ ခေါ်ယူမှုတွေထဲ စတားလင်း တစ်ယောက်သာ မဟန်တာ မဟုတ်ဘဲ အီတလီ နောက်ခံလူ ကာလာဖီအိုရီ ကလည်း မဟန်လှသေးပါဘူး။