ဒီအပတ် ပရီးမီးယားလိဂ် မှာ မန်စီးတီးတို့ ထပ်မံ ရှုံးနိမ့်ခြင်းဟာ ဖလားပြိုင်ဘက် လီဗာပူးနဲ့ အာဆင်နယ်အတွက် အချက်ပေးမှုပဲ ဖြစ်တယ်လို့ သရဲနီဟောင်းကြီး ဂယ်ရီနဗီးက ဆိုလိုက်ပါတယ်။

အခုဆိုရင် မန်စီးတီးဟာ ဇယားထိပ်က လီဗာပူးထက် ၈ မှတ်လျော့နည်းနေကာ အာဆင်နယ်နဲ့ ပွဲတူ ၁ မှတ် အကွာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

အခုလို မန်စီးတီး ကျဆင်းမှုကို လီဗာပူးနဲ့ အာဆင်နယ်တို့ အခွင့်အရေး ယူနိုင်ရမယ်လို့ နဗီးက သတိပေးခဲ့တယ်။

ဂယ်ရီနဗီးက “ လီဗာပူးနဲ့ အာဆင်နယ်တို့က အခုဆိုရင် သူတို့ ဆင်ခြေပေးလို့ မရတော့ဘူး ဆိုတာ ခံစားမိပါလိမ့်မယ်။

မန်စီးတီး ရှုံးပွဲကြောင့် အာဆင်နယ်ကို ပိုပြီး မျှော်လင့်ထားတယ်။ ဒီရာသီက မန်စီးတီးရဲ့ ဘောလုံးရာသီ မဟုတ်ဘူးဆိုရင် အာဆင်နယ်ရဲ့ ဘောလုံးရာသီဖြစ်ရပါမယ်။

နောက်အဆင့်ထံ သွားဖို့ အာဆင်နယ်မှာ ဖိအားတွေရှိလာပြီ ထင်ပါတယ်။ သူတို့ သွားလည်းသွားနိုင်ရမှာပါ ” လို့ ဆိုသွားတာ ဖြစ်ပါတယ်။

နောက်အပတ်မှာ မန်စီးတီးဟာ လီဗာပူး အိမ်ကွင်း အန်ဖီးမှာ သွားရောက်ကစားရမှာမို့ ထိပ်ဆုံး ၂ သင်းထဲက တစ်သင်း ဟာ အမှတ်လျော့သွားနိုင်သလို နှစ်သင်းလုံး အမှတ်လျော့တာလည်း ဖြစ်လာဖွယ် ရှိနေပါတယ်။