ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ မှာ မန်စီးတီးအသင်းက တော့တင်ဟမ် စပါးကို ဂိုးပြတ် အရေးနိမ့်ပြီး လီဗာပူးကတော့ ဆောက်သမ်တန်ကို အဝေးကွင်းမှာ အနိုင်ယူကာ အမှတ်ပေးဇယား ထိပ်မှာ ၈ မှတ် ထိ ဖြတ်ကာ ဦးဆောင်ထားပါပြီ။

အာဆင်နယ်အသင်းကတော့ နော်တင်ဟမ် ဖောရက်စ်ကို အနိုင်ယူပြီး ရှေ့လျှောက် လွယ်ကူတဲ့ ပွဲစဉ်တွေ လာပြီ ဖြစ်တာကြောင့် အသက်ရှုချောင်လာပါတယ်။

ချယ်ဆီးကလည်း နိုင်ပွဲ ဆက်လက် ရယူနေပြီး နည်းပြသစ် အမ်မိုရင်း စကိုင်တဲ့ မန်ချက်စတာ ယူနိုက်တက်ကတော့ သရေ ရလဒ်သာ ထွက်ထားပြီး ဇယား အလယ်နားမှာပဲ ရှိနေပါသေးတယ်။

ပွဲစဉ် ၁၂ အပြီး Opta စူပါကွန်ပျူတာရဲ့ နောက်ဆုံးထွက် ပရီးမီးယားလိဂ် ခန့်မှန်းဇယားကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

စူပါကွန်ပျူတာ ရဲ့ တွက်ချက်မှုမှာ လီဗာပူးရဲ့ ချန်ပီယံ ဖြစ်နိုင်ခြေက အတော် ၇၆.၄% အထိ အတော် ထိုးတက်သွားသလို မန်စီးတီးကလည်း ၁၅.၁% ထိ မယုံနိုင်ဖွယ် ကျဆင်းသွားပါတယ်။

အာဆင်နယ်အသင်း ချန်ပီယံ ဖြစ်နိုင်ခြေက ၇.၇% ရှိနေပြီး အဆင့် ၃ အဖြစ် ရာသီသိမ်းနိုင်ခြေက ပိုများကြောင်း စူပါကွန်ပျူတာရဲ့ % တွက်ချက်မှုမှာ ဖော်ပြထားပါတယ်။