အာဆင်နယ် အသင်းကတော့ ဒီနှစ်ရာသီ ရှုံးပွဲမရှိသေးတဲ့ စပို့တင်းကို မနေ့ညက ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ်မှာ ၁-၅ နဲ့ ဂိုးပြတ်ချေမှုန်းပြခဲ့ပါတယ်။

ပထမပိုင်းမှာကတည်းက သုံးဂိုးပြတ်သွင်းထားတာဖြစ်ပြီး ဒုတိယပိုင်းမှာ နှစ်ဂိုးထပ်သွင်းခဲ့ပါတယ်။

အာဆင်နယ်အတွက် ဂိုးတွေကို မာတီနယ်လီ၊ ဟာဗက်ဇ်၊ ဂါဘရီရယ်၊ ဆာကာ၊ ထရော့ဆက်ဒ်တို့က သွင်းယူပေးခဲ့တာပါ။

စပို့တင်းအတွက်တော့ ဒီရာသီ ပြိုင်ပွဲစုံမှာ ပထမဆုံးရှုံးပွဲကြုံခဲ့တာဖြစ်ပြီး ခြေစွာနေတဲ့ တိုက်စစ်မှူး ယိုကာရက်စ်လည်း ဒီပွဲမှာ ဘာမှ မလုပ်ပြနိုင်ခဲ့ပါဘူး။

အာဆင်နယ်အသင်းဟာ လူစုံတက်စုံပါဝင်လာခြင်းနဲ့အတူ ယူရိုပါလိဂ်မှာတုန်းက ရှုံးကြွေးရှိခဲ့တဲ့ စပို့တင်းကို ဂိုးပြတ်ချေမှုန်းကာ လက်စားချေခဲ့ပါတယ်။

စပို့တင်း လစ္စဘွန်း အသင်းက ဒီနှစ်ရာသီ ရှုံးပွဲမရှိသေးပေမယ့် ဒီညပွဲမှာတော့ အီနာစီယိုရဲ့သွင်းဂိုးတစ်ခုကလွဲရင် ဘာမှလုပ်ပြနိုင်ခြင် းမရှိဘဲ ဂိုးပြတ်အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

အာဆင်နယ်က ချန်ပီယံလိဂ်မှာ (၅) ပွဲကစား၊ (၃) ပွဲနိုင်၊ (၁) ပွဲသရေ၊ (၁) ပွဲရှုံးထားပြီး အမှတ်ပေးဇယားရဲ့ အဆင့် (၇) နေရာမှာ ရပ်တည်လျက်ရှိပါတယ်။