မနေ့ညက ကစားခဲ့တဲ့ ကရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာတော့ အသင်းကြီးတွေက အမှားအယွင်းမရှိ အနိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့ကြပါတယ်။
အာဆင်နယ်အသင်းဟာ ညက ကွာတား ဖိုင်နယ်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို တိုက်စစ်မှုး ဂျေးဆု ရဲ့ ဟက်ထရစ်နဲ့အတူ ၃-၂ ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။
ဒီပွဲမှာ မာတေတာရဲ့ ဦးဆောင်ဂိုးကို စောစောစီးစီး ခွင့်ပြုခဲ့ရပေမယ့် ဂျေးဆုက ဂိုးသွင်းခြေစွမ်းပြပြီး တစ်ယောက်တည်း သုံးဂိုးသွင်းခဲ့တာကြောင့် အာဆင်နယ်တို့ ဒီဂိုးတွေနဲ့ပဲ အနိုင်ရခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အနေနဲ့ အိမ်ကွင်းမှာ ပွဲအစ လေးမိနစ်မှာ ပဲလေ့စ်တိုက်စစ်မှူး မာတက်တာက ဦးဆောင်ဂိုးသွင်းခဲ့လို့ နောက်က လိုက်ကစားခဲ့ရတာပါ။
အရန်ကစားသမားအများအပြားနဲ့ ပွဲထွက်လာခဲ့တဲ့ အာဆင်နယ်အသင်း ပထမပိုင်းကစားပုံက သိပ်မကောင်းခဲ့ဘူး။
ဒါပေမဲ့ ဒုတိယပိုင်းအစမှာ အော်ဒီဂွါ၊ ဆာလီဘာတို့ ဝင်လာချိန် အသင်းက တည်ငြိမ်မှုရလာခဲ့ပြီး ပွဲကို လွှမ်းမိုးနိုင်ခဲ့တယ်။
အာဆင်နယ်ရဲ့သုံးဂိုးစလုံးကို ဂျေးဆု တစ်ဦးတည်းက ပွဲချိန် ၅၄၊ ၇၃၊ ၈၁ မိနစ်တွေမှာ သွင်းယူခဲ့တာပါ။
ဒီဟက်ထရစ်ဟာ ဂျေးဆု ရဲ့ အာဆင်နယ်အသင်းအတွက် ဒုတိယအကြိမ်မြောက် ဖြစ်ခဲ့တယ်။
ဒီနိုင်ပွဲကြောင့် အာဆင်နယ် ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက် နိုင်ပွဲပျောက်လို့ ဖိအားများနေတဲ့ အာတီတာအတွက်လည်း အသက်ရှူချောင်စရာဖြစ်ခဲ့ပါတယ်။
အခြားသော ကွာတားဖိုင်နယ်ပွဲစဉ်နှစ်ပွဲမှာတော့ လီဗာပူးက ဆောက်သမ်တန်ကို ၁-၂ ဂိုး၊ နယူးကာဆယ်က ဘရန့်ဖို့ဒ်ကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဒီညမှာတော့ ကွာတားဖိုင်နယ် နောက်ဆုံးပွဲအဖြစ် စပါးနဲ့ ယူနိုက်တက်တို့ ရင်ဆိုင်ကစားကြမှာပါ။