အာဆင်နယ်အသင်းက ဒီတပတ် ပရီးမီးယားလိဂ်မှာ ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ပဲ ထပ်မံတွေ့ဆုံနေပါတယ်။ ပွဲကတော့ လာမယ့် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် နံနက် ၂း၄၅ နာရီ အချိန်မှာ ယှဉ်ပြိုင်ကြမှာပါ။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်က က ခရစ္စတယ်ပဲလေ့စ်နဲ့ အာဆင်နယ် အသင်းတို့ ပွဲစဉ်အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။

” ဒီပွဲက ကြားရက် ကာရာဘောင်း ကွာတားဖိုင်နယ်ပွဲကို ပြန်ကန်ရသလိုပါပဲ။ အာဆင်နယ်က open play ကနေ ဂိုးသွင်းတော့ ကျွနေ်တာ့်မှာ ခရစ္စမတ် အံ့ဖွယ်တွေတောင် မြင်လာရပြီ လို့ ထင်မိတယ်။

အဲဒီပွဲတုန်းက မီခေးလ် အာတီတာ အသင်း အသာ ရသွားသလို ဒီပွဲကလည်း အတော် အကြိတ်အနယ် ရှိဦးမယ်။ ခရစ္စတယ်ပဲလေ့စ်က ဒီတလော သီတင်းပတ်တွေမှာ အများကြီး တိုးတက်လာတယ်။

ဒီတော့ ဒီပွဲက ဂန်းနားတွေ အတွက် လွယ်ကူမယ်လို့ မထင်ဘူး။ အာဆင်နယ်က ဒီပွဲ နိုင်ဖို့ သေချာပေါက် လိုအပ်နေတယ်။ အဲဒီအတွက်လည်း နည်းလမ်း ရှာတွေ့သွားမယ် ထင်တယ်။

ဒီပွဲ သူတို့ ၁-ဝ လောက်နဲ့ နိုင်သွားမယ်လို့ ကျွန်တော် ခန့်မှန်းမယ်။ အဲဒီဂိုးက set-piece က သွင်းသွင်း၊ ဘယ်လို သွင်းသွင်း ကိစ္စ မရှိဘူး။ အဓိကက ဂိုးဝင်ဖို့ပဲ။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်

ခရစ်ဆက်တန် ခန့်မှန်းရလဒ် ကတော့ ခရစ္စတယ်ပဲလေ့စ် ဝ-၁ အာဆင်နယ် ဖြစ်ပါတယ်။