Date

October 25, 2020

ဖာဘင်ညိုရဲ့ ရှင်းထုတ်မှုကို အပိုင်း နှစ်ပိုင်းအတွက် VAR က စစ်ဆေးခဲ့တယ်

လီဗာပူးက ရှက်ဖီးကို ၂-၁ နဲ့ အနိုင်ရတဲ့ပွဲမှာ အငြင်းပွားစရာ VAR ဆုံးဖြတ်ချက်အဖြစ် ဖာဘင်ညိုရဲ့ ရှင်းထုတ်မှုကို ကွင်းလယ်ဒိုင်က VAR စစ်ဆေးချက်အရ ပင်နယ်တီ ပေးခဲ့ပါတယ်။ ရှက်ဖီးအသင်းသားက ဧရိယာထိပ်ကနေ ပိတ်သွင်းမှုကို ဖာဘင်ညိုက ဘောလုံးလမ်း ပြေးပိတ်ခဲ့တာဖြစ်တယ်။ ဖာဘင်ညိုက ဘောလုံးကို ထိခဲ့သလို ပြိုင်ဘက် တိုက်စစ်သမားကိုလည်း ထိမိခဲ့တယ်။ ဘောလုံးထိမိတဲ့ ဧရိယာက ပင်နယ်တီစည်းရဲ့ ထိပ်နားမှာဖြစ်ပါတယ်။ အနှေးပြကွက်တွေအရ ဧရိယာထိပ်က စည်းကို ကျော်နေခဲ့ကာ ဖာဘင်ညို ဘောလုံးကို ထိခဲ့တယ်ဆိုတာကိုလည်း မြင်ခဲ့တယ်။ ဒါပေမယ့်လို့… Continue Reading →

လန်ပျံနေတဲ့ခြေစွမ်း မဟုတ်ပေမယ့် မာကျောတဲ့ စိတ်ဓါတ်ဖြင့် ရှက်ဖီးကို အနိုင်ယူတဲ့ လီဗာပူး

ပရီးမီးယားလိဂ်ပွဲစဉ် ၆ အဖြစ် ရှက်ဖီးကို အိမ်ကွင်းမှာ ဧည့်ခံတဲ့ပွဲမှာ လီဗာပူးက ၂-၁ နဲ့ အနိုင်ရခဲ့ကာ အဲဗာတန်တို့ရဲ့ ပွဲမတိုင်ခင် ရမှတ်တူဖြင့် အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်ခ့တယ်။ လီဗာပူးက တိုက်စစ်သမား လေးဦးလုံးကို ထုတ်သုံးလာသလို အသင်းခေါင်းဆောင် ဟန်ဒါဆန်နဲ့ ဂိုးသမားအဖြစ် အယ်လီဆန် တာဝန်ယူနေခြင်းကြောင့် ယုံကြည်မှုရှိနေဟန်ရှိတယ်။ ပွဲစကတည်းက မြန်ဆန် သွက်လက်တဲ့ ကစားဟန်နဲ့အတူ ပွဲကို ဦးဆောင်ကစားခဲ့တယ်။ ပေးတွေ မြန်ဆန်ပြီး တိုက်စစ်ဆင်လိုစိတ် ရှိသလို ဖန်တီးမှုအတွက် အခွင့်အရေးတွေကို ဆက်တိုက် ရှာဖွေခဲ့တယ်။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!